တစ်ချိန်က မခင်နှင်းဆီ(အပိုင်း-၁၂)

527 30 2
                                    

    "ကိုလှမောင် ဒေါက်တာဆီ ကြေးနန်းရိုက်ဖို့ စာရေးပြီးပြီလားတော့"

"ရေးပြီးလို့ မနေ့ကပဲ ပို့ပြီးပါပြီးဟာ"

" ဒါဖြစ်လည်း ပြီးတာပဲတော့ ကျုပ်တော့ ဘာတွေဖြစ်လာမလဲ စိတ်မောနေရပြီ"

မခင်နှင်းဆီရဲ့ မဂ္လာသတင်းဟာ ရပ်ရွာအနီးနားမှာတော့ အတော်လေးသတင်းထူးဖြစ်နေဆဲပါ ၊တစ်ဖက် သတိုးသားကလည်း သူဌေးသားဆိုပေမဲ့ရေရေရာရာအလုပ်မရှိ လောင်းကစားကလုပ်သေးဆိုတော့ ကလသားများက မခင်နှင်းဆီကိုနှမျောသသပေါ့ဗျာ။

~
" ဟဲ့ အေးနွယ် ညည်းကြည့်ရတာ နေမကောင်းဘူးလား အားမရှိလိုက်ပုံများအေ"

" နေ..နေကောင်းပါတယ် အ‌ရီးလေးရဲ့"

အရီးလေးဟာ အားမရတဲ့ပုံစံနဲ့ အေး‌နွယ်ကိုယ်လေးကို မှတ်သလောက်သိသလောက် စမ်းသက်ပေးနေရှာသည်။

"ညည်းသွေးသားတော့ မှန်ရဲ့လားအေ"

" မှန် ...မှန်ပါတယ်"

" ငါကိုမလိမ်စမ်းနဲ့အေ ညည်းပြောဟယ် ဒီကိုယ်ဝန်ဘယ်သူနဲ့ရတုန်းအေ"

အရီးလေးမှာ အေးနွယ်တို့မောင်နှမနှစ်ယောက်ကို မိဘတွေဆုံးပြီးထဲက သားသမီးပဏပြုစုလာခဲ့သည်။
အခုချိန်မှာ အရီလေးရင်ထဲရော အေးနွယ်ရင်ထဲရော အပူမီးတောက်လောင်နေပါတော့သည်။

~

" ဟဲ့ ညည်းကြားပြီးပြီလာအေ့"

"ဘာတုန်း မခင်နှင်းဆီ ဟိုဘက်ရွာသားနဲ့မဂ်လာဆောင်တဲ့သတင်းလား၊ ကျုပ်ဝောာင်အကျီချုပ်ပြီးပေါ့တော့ ဟီး"

ရွာရဲ့တောင်ဘက်မှာရေတွင်းရှိသည်၊ ထိုရေတွင်းကို ရွာထဲကလူတွေလာချိုးတတ်ကြသည်၊ အဲ့လိုအချိန်ဆို အမျိုးသမီးများ သဘာဝ ကိုယ့်ကောင်းကြောင်း သူများမကောင်းကြောင်း တီးတိုးပြောတတ်ကြသေးသည်။

" ဟုတ်ပါ့ ရက်တောင်နီးလာပေါ့"

"ဘယ်နေ့တုန်းအေ့"

"လာမဲ့ကြာသပတေးနေ့လေ ဒီနေ့ပဲ တနလ်ာနေ့ရောက်နေပေါ့"

" ကဲ  ညည်းတို့တစ်ယောက်တစ်ပေါက်နဲ့ ကျုပ်ပြောချင်တဲ့သတင်းထူးက အဲ့ဒါမ‌ဟုတ်ဘူးဝောာ့"

တစ်ချိန်က မခင်နှင်းဆီWhere stories live. Discover now