ညကမိုးသည် အလွန်သည်းလှသောကြောင့် မနက်မိုးလင်းတော်လည်း ခေါင်မိုးအဖျားလေးတွေမှာ မိုးစက်လေးတွေ တွဲလောင်းခိုနေသည်။
အရင်နေ့တွေထက် အုံ့မှိုင်းမှိုင်းဖြစ်နေသည် အနည်းငယ် အေးစိမ့်မှုကိုလည်းခံစားရသည်၊ ထို့နေ့မနက်ခင်း အိပ်ယာထချိန်မှာ အရင်နေ့တွေနဲ့မတူ ထူးခြားနေလှသည်။
ပဲပြုတ်နဲ့ထမင်းရောကြော်သော ထမင်းကြော်အနံ့သင်းသင်းလေးကိုလည်းရသည်။
ထိုအချိန်တွေဘေးမှ
"အူးဝဲ ...အူးဝဲ" ကလေးငိုသံ ကြားရသည် ထိုငိုနေသော ကလေးငယ်အား ပြုံး၍ကြည့်နေမိပြန်သည်။
" ရှင် ကလေးတစ်ယောက်လုံးငိုနေတာကို ချော့ဖို့စိတ်ကူးမရှိဘူးလား"
" အဲ့လိုမဟူတ်ပါဘူး မခင်နှင်းဆီ ကျွန်တော် ဘယ်လိုချော့ရမယ်မသိလို့ပါ"
မျက်နှာငယ်စွာပြန်ဖြေလိုက်သည်။
" ဟို သမီးလေးက မခင်နှင်းဆီနဲ့အတူအိပ်ချင်ပုံပဲ ဒါမှမဟုတ်အေးလို့ဖြစ်မယ် ဟို"
"ကျုပ်သိပါတယ် ဒီကလေးကိုဟိုငယ်ငယ်ထဲကထိန်းလာတာပါ"
ဒီခံစားချက်မျိုးကို တစ်ခါမှမကြုံးဘူးသေးပေမဲ့ ခံစားလို့ကောင်းလှသည်
ဘေးမှာကိုယ်ချစ်ရတဲ့အမျိုးသမီး အလယ်မှာသူ့ရဲ့အရင်းနှီးဆုံးသွေးသားလေးရယ် ကြည်နူးဖို့ကောင်းလှသည်။
" ဗျို့ ကြီးကြီး အိပ်ယာထသေးဘူးလားဗျ ဆိတ်နို့လာပို့တာဗျ"
အိမ်ရှေ့မှ ခစွာစွာကလေးငယ်တစ်ဦးအသံဟာ ကျယ်လောင်စွာဝင်လာသည်။
"နေပါစေ သမီးလေးအိပ်နေတာဆိုတော့ ကျုပ်ပဲသွားယူပေးပါ့ရစေ"
~
" ဦးကြီးလှမောင် ဟိုဘက်ရွာသွားမလို့လား သားဒီနို့ဗူးတွေ ပေးလိုက်လို့ရမလား"
ကိုလှမောင်သည် နွားတွေကိုဆွဲကာ လှည့်ဆီသို့ ခေါ်လာသည်၊ တစ်နေနေရာရာ သွားဟန်ရှိသည်ဟုထင်ရသည်။
" အေးကွာ ဟိုဘက်ရွာ ကျုပ်တုိ့ဒေါက်တာကိုသွားခေါ်မလို့လေ "
YOU ARE READING
တစ်ချိန်က မခင်နှင်းဆီ
Lãng mạnဒီ လက်ပံပင်ကြီးရယ်... ထနှောင်းစုရွာလေးရယ် ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်အညာသူလေး မခင်နှင်းဆီရယ်....