"ဘာဖြစ်တာလဲပြောပါဦး"
"ဗိုက်နာလို့ဗျ နှစ်ရက်ရှိနေပြီ""၀မ်းရောချုပ်လား"
"ဟုတ်ကဲ့"
"ဒါဆို သောက်ဆေးပေးလိုက်ပါ့မယ်"
ဒီတစ်ယောက်ပြီးရင်ေတာ့နားရပါပြီ၊ ဘာလိုလိုနဲ့ နေခင်းတစ်ပိုင်းပြီးတော့မယ်။
" မခင်နှင်းဆီ ဒီကိုဘာလာလုပ်တာလဲ နေမကောင်းလို့လားဟင် ဒါမှမဟုတ် တစ်ခုခုဖြစ်လို့လား"
"ဟို အိမ်မှာမုန့်လုပ်လို့ ဒေါက်တာကို လာပို့တာပါ"
"ဪဩ ဒါမခင်နှင်းဆီ ကိုယ်တိုင်လုပ်တာလား စားလို့ကောင်းတာပဲ"
အမေးထူလိုက်ပုံများ လာကျွေးရင်စားလိုက်ပေါ့ ။
"ဟုတ်ကဲ့ ကျုပ်ပြန်တော့မယ် "
"နေ...နေပါဦး အလုပ်ရှိလို့လား ဒါဆိုရင်လည် ကျုပ်လိုက်ပို့ပေးပါ့မယ် မခင်နှင်းဆီလုိအချောလှလေးကို စိတ်မချလို့ပါ"
စကားပြောပုံက လူကို ရိသဲ့သဲ့နဲ့ ။ဒီလိုမှန်းသိ ကိုတာတီးကို ပို့ခိုင်းပါတယ် ဟွန့်။
" လှမောင် အတော်ပဲ မင်းကိုခေါ်ခိုင်းတော့မလို့"
" ဘာခိုင်းမလို့လဲ သူကြီးရ ကျုပ်ဘုန်းကြီးမှာကျောင်းသားမရှိလို့ ဆွမ်းလုိက်ခံပေးနေရလို့ မလာဖြစ်တာဗျို့"
" အေးကွာ မင်းကိုမြို့ပေါ်လွတ်မလို့"
"ရော့ ဒီစာကို ကြေးနန်သွားရိုက်ချည်း"
သူကြီးသည် ဝါကျန့်ကျန့် စာအိတ်လေးကို လှမောင်ထံပေးလိုက်သည်။
"ဘယ်သူဆီကိုလည်းသူကြီးရဲ့"" ငါ့သူငယ်ချင်း မြင့်မောင်ဆီပါကွာ ငါလာလည်မယ်ဆိုတဲ့အကြောင်း အကြောင်းကြားတာပါကွာ"
"ဒါဆို ဒေါက်တာကပြန်တော့မှာပေါ့နော်""မိကျောင်းသားကတော့ရှည်တော့မယ်ကွာ ဒေါက်တာပြန်မလိုက်သေးပါဘူး ငါ့ကောင်ကြီးဆီ မရောက်တာကြာလို့ အလည်သွားတာဘာများသိချင်သေးသလဲ ဟူးးးးး"
"မိဝိုင်းစိန်တစ်ယောက်လဲ ဘယ်သဝေထိုး နေလဲမသိဘူး"
သူကြီးနှယ်ဘာတွေစိတ်တိုနေပါ့လိမ့် အကုန်ပတ်ရမ်းနေတော့တာပဲ ၊ငါလဲ မြန်မြန်လစ်မှ။
YOU ARE READING
တစ်ချိန်က မခင်နှင်းဆီ
Romanceဒီ လက်ပံပင်ကြီးရယ်... ထနှောင်းစုရွာလေးရယ် ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်အညာသူလေး မခင်နှင်းဆီရယ်....