တစ်ချိန်က မခင်နှင်းဆီ(၁၃)

561 33 3
                                    

  အချိန်အားဖြစ် မနက်၄နာရီရှိပြီ

" ဗျို့ မခင်နှင်းဆီ  အဆင်သင့်ဖြစ်ပြီလားဗျ"

ကိုလှမောင်ဟာ သူ့စကားအတိုင်း မနက်မိုးမလင်းခင် မခင်နှင်းဆီကိုမြစ်ဆိပ်ပို့ဖို့  လိုက်ပို့ရန် လာခေါ်လေသည်။

"ပြီးပြီ ကိုလှမောင်ကိုစောင့်နေတာ"

ကံကောင်းစွာနဲ့ပဲ မနေ့ညက ဦးကြီး‌ဒင် အိမ်ပြန်မအိပ်ဘူး။

" ဒါဆို ကျုပ်တို့ သွားစိုးဗျာ အချိန်ကြာရင် မကောင်းဘူးဗျ"

" ကဲ အဖေ့သားနှစ်ကောင်ရေ ဆွဲထားဟ"

ဒီလိုနဲ့ လှည်းလေးဟာ တအီအီ ပြေးဆွဲသွားတော့သည်။
~
"ဒီနေ့ဟာ နောက်ဆုံးရုံးချိန်း''

ဖေဖေရဲ့မိတ်ဆွေ ရှေ့နေတစ်ယောက်ကူညီ‌ပေးမှုကြောင့်အမှုနိူင်ခဲ့တယ်။
လူလောဘဆိုတာဟာလဲ တစ်ကယ်ကြောက်စရာပါပဲ၊ ဟိုငယ်ငယ်လေးထဲက ကိုယ့်မိသားစုလိုနေလာခဲ့တဲ့ လူဟာ ဒီလိုအမျိုး စီးပွားပျက်အောင် အကောက်ကြံမယ်လို့ ဘယ်သူထင်မှာလဲ။
ဖေဖေမရှိတော့ ဖေဖေရဲ့အင်အားဟာ ဘယ်လောက်‌အရေးပါတယ်ဆိုတာ သိလာတယ်၊ ကျွန်တော်ဟာ မိသားစုကိုကာကွယ်ပေးနိူင်ဖို့ အများကြီး ကြိုးစားရဦးမယ်ဆိုတာလည်းသိလာရတယ်။

" သမီးလေးရယ် သမီးလေးတစ်ခုခုဖြစ်သွားခဲ့ရင် မေမေဖြင့် ရင်ကျိုးရမှာ"

" သမီး ဘာမှမဖြစ်တော့ဘူးလေ၊ မစိုးရိမ်ပါနဲ့"
"ကဲ အခုတော့ အိမ်ကိုပြန်ကြမယ်နော်၊ မနက်ကျ သမီးတို့ဘုရားသွားကြမယ်နော်"

"ဟုတ်ပါပြီကွယ်"

မေမေဟာ ဖေဖေမရှိတော့တဲ့နောက်ပိုင်း ပိုပြီးအားငယ်လာတယ် အသက်ရွယ်တစ်ခုရောက်သွားလို့ရောပါမှာပေါ့၊ အရင်ကထက်ပိုပြီး ဂရုစိုက်ပေးရတယ် ‌အခုဆိုမေမေဟာ " မေမေ့မှာ သမီးလေးတစ်ယောက်ပဲရှိတော့တာ ဒါကြောင့်မို့ မေမေကို ပစ်မထားပါနဲ့တဲ့"
အဲ့ဒ္ီစကားဟာ ကျွန်တော်ကိုခြေချုပ်မိစေခဲ့တော့တာပါပဲ။

~

"ဗျို့ သူကြီး"

"သူကြီး ရေ"

နွားကျောင်းသားလေးဟာ ဖိနပ်မပါပဲ အပြေးလွှား သူကြီးအိမ်ကို အပြေးရောက်လာတယ်

တစ်ချိန်က မခင်နှင်းဆီWhere stories live. Discover now