တစ်ချိန်ကမခင်နှင်းဆီ( အခန်း-၇)

588 41 0
                                    

      "လာကွာထိုင် နား‌နားနေနေ နေဦးကွ ငါတို့တွေမတွေ့တာနှစ်ပေါင်းမနည်းဘူး"

"အဲ့ စကား မင်းကိုပြောရမှာပါကွာ ဘယ်လိုလဲ ရောဂါအခြေနေက မင်းမလဲကွာ ကိုယ့်သမီးတစ်ယောက်လုံး ဒေါက်တာဖြစ်နေရဲ့နဲ့"

"ငါသမီးလေးကို အပူမပေးချင်ပါဘူးကွာ ဒါနဲ့ ငါသမီးလေးရော နေရတာဆင်ပြေပြေရှိတယ်မဟုတ်လား ငါမင်းကိုတစ်ခုတော့မေးစရာရှိတယ် အောင်မင်း"

"ငါနဲ့ စိမ်းဝါနဲ့ရတဲ့သမီးလေရော အဲ့မှာရှိနေသေးတယ်မဟုတ်လားဟင်"

    အချိန်တွေကြာခဲ့လဲ အရာရာဟာအသစ်ဖြစ်ရိုးထုံးစံမရှိခဲ့ဘူးမဟုတ်လား ကံကြောင်းတရားမပါလို့ဝေးခဲ့တယ် ထွက်သွားတဲ့သူကထွက်သွား ကျန်ခဲ့တဲ့သူကတော့ သတိရရရှိဆဲဟာ ပုံမှန်‌ဖြစ်နေတဲ့သဘောတရားမဟုတ်လား။

"မင်း သတိတော့ရှိနေသားပဲ သူကောင်ကောင်မွန်မွန်ရှိနေပါတယ် အမေတူလေးကွ တစ်ရွာလုံးရဲ့ အချောအလှပေါ့ကွာ နာမည်ကမခင်နှင်းဆီတဲ့"
~~~

" ငါ့သမီးလေးနဲ့ငါတွေ့ချင်လိုက်တာကွာ ဒါတွေဟာဖြစ်မလာမှန်းသိပါတယ် အဲ့လိုတွေးမိတိုင်း ငါကိုယ်ငါအပြစ်တင်လို့မဆုံးဘူး"

"ကံကြောင်းတရာတွေပေါ့ကွာ မြင့်မောင်ရာတွေးမနေပါနဲ့ ဒါနဲ့ပြောရဦးမယ် ဒေါက်တာမလေးက  မင်းသမီးလေးအပေါ် သံယောဇဉ်တွေပိုနေသလိုပဲကွ"
"....."

"မခင်နှင်းဆီ အချစ်ဆိုတာကိုဘယ်လိုခံယူထားလဲ"

"ကျုပ်မှမချစ်ဖူးဘဲ ဘယ်သိပါ့မလဲ သူများတွေပြောတာတော့ တွယ်ငြိတတ်တဲ့အရာတဲ့"
 
"ဒါဆို ကျုပ်ရဲ့ မေတ္တာနှောင်ကြိုးက မခင်နှင်းဆီအပေါ် တွယ်ငြိနေတယ်ဆိုရင်ရော အဲ့ဒီကြိုးလေးကို မခင်နှင်းဆီ တွယ်ငြိခံမလားဟင်"

   အချိန်တွေကြာလာရင် ဒေါက်တာအဲ့ဒီလိုစကားမျိုးပြောမယ်ဆိုတာ ကြိုသိနေပါတယ်၊ဒေါက်တာ ဖွင့်ဟမပြောခင်ထဲက ဒီမှာရှိ‌ေနတဲ့မေတ္တာနှောင်းကြိုးက ဒေါက်တာကိုအရင်ချည်းနှောင်ခဲ့တာပါ၊
ဒေါက်တာအမေးကို ဒေါက်တာသိအောင်မဖြေပါရစေနဲ့ဒေါက်တာရယ်၊ မခင်နှင်းဆီဘ၀ကို မခင်နှင်းဆီမပိုင်ဘူးဒေါက်တာ..

"မခင်နှင်းဆီ ဘယ်လိုသဘောရလဲဟင် ကျုပ်အတင်းအကြပ်တောင်းဆိုတာမျိုးမဟုတ်ပါဘူး အဲ့ဒီခံစားချက်ကို မခင်နှင်းဆီသိစေချင်ယုံလေးပါ"

" အိမ်ပြန်တော့မယ် ဒေါက်တာ ထွက်လာတာကြာပြီမို့ ဦးကြီးဒင်ပြန်ရောက်နေရင် အဆူခံလိုက်မယ်"

"မခင်နှင်း‌ဆီ."

  တွယ်ငြိပြီးရင် ဆုံးရှုံးတတ်တယ်ဆိုတဲ့ သဘောတရားကို ဒေါက်တာသိရင် သိပ်ကောင်းမယ် ဒေါက်တာရယ် အဲ့ကျရင်ရော၊ဒေါက်တာနောင်တ တရရှိနေမလားဆိုတာသိချင်မိတယ်


ဆက်ရန်......
Nov.13

 

တစ်ချိန်က မခင်နှင်းဆီWhere stories live. Discover now