" မခင်နှင်းဆီ ရောက်နေတာကြာပြီလား ကျုပ်ဟိုဘက်ရွာမှာနည်းနည်းကြာသွားတယ်"
"ရပါတယ် ဒေါက်တာ မခင်နှင်းဆီမကြာသေးပါဘူး"
"မခင်နှင်ဆီကလည်း ကျုပ်နဲ့သမီးရည်းစား ဖြစ်နေပြီလေ ဒေါက်တာလို့ခေါ်နေတုန်းပဲလား"
"ဒါဆိုဘယ်လိုခေါ်ရမှာတုန်း ဒေါက်တာနာမည်ကသု့နှောင်းမောင်ဆိုတော့ မောင်မောင်လို့ ခေါ်မယ်ရတယ်မလား"
မောင်မောင်တဲ့ အမကသူ့မောင်လေးကို၊ အမေကသားငယ်လေးကို မေတ္တာတရားအပြည့်နဲ့ခေါ်လိုက်သလို ၊ အမျိုးသမီးလေးရယ် ကျုပ်အပေါ်ဘယ်လောက်မေတ္တာရှိတယ်ဆိုတာ ကျုပ်ခံစားလို့ရနေပါပြီ။
"မောင်မောင် မခင်နှင်းဆီခေါ်တဲ့ မကြိုက်ဘူးလားဟင်"
"အဲ့လုိမဟုတ်ပါဘူး ဘယ်လောက်မေတ္တာတရားတွေပါဝင်နေလဲ ခံစားကြည့်နေတာ"
ဒီနေ့ညနေဟာ ပုံမှန်ထက် နေဝင်ချိန်တွေပိုလှနေခဲ့တယ်၊ ကိုယ့်ရဲ့ဘေးမှာ ချစ်ရသူရှိနေလို့လား မခွဲခြားတတ်၊ အရာအားလုံးရဲ့အဆုံးသက်တွေဟာ အခုလုိနေဝင်ချိန်တွေပမာ လှပနေရင် အကောင်းဆုံးပေါ့။
"မေ့တော့မလို့ မခင်နှင်းအတွက်ပန်းလက်ဆောင်ပါတယ်"
အမျိုးသမီးအတွက် အိတ်ကပ်ငယ်ထဲက ယုယုယယ ခူးယူးလာတဲ့ ကံ့ကော်ပန်းတစ်ခက်ကို ထုတ်ပေးလိုက်သည်။
" မခင်နှင်းဆီမယူချင်ဘူး မောင်မောင် ပန်းပေးရင်အလှမ်းဝေးတယ်တဲ့"
မခင်နှင်းဆီကြိုသိနေသလိုပဲ အခုပြောမဲ့စကားတွေကလည်း ခဏတာဝေးမဲ့အကြောင်းအရာတွေလေ။
"ယူပါ ယူပါနော် ဒီပန်းကကိုယ်တိုင်ခူးယူလာတာမို့ပါ ပြီးတော့ ကျုပ်အကြိုက်ဆုံးပန်းလေ ကိုယ်ကြိုက်တဲ့ပန်းကို ကိုယ်ချစ်တဲ့သူကိုပေးရတဲ့ခံစားချက်ကို ကျုပ်ကြိုက်လို့ပါ"
" ဒါဆိုမခင်နှင်းဆီယူပါ့မယ် မောင်မောင်ရယ်"
"ပြီးတော့ ကျုပ် မနက်ဖြန်မြို့ကိုပြန်ရတော့မယ် ခဏပဲ မေမေနေမကောင်းလို့ ရက်တစ်ပတ်ပဲကြာမှာပါ"
ညှိုးကျသွားတဲ့ ချစ်သူမျက်နှာမြင်ရတာဟာ ကျုပ်ရင်ထဲမကောင်းပါ ခဏပါပဲ ဒီတစ်ခါပြီးရင်ထပ်မဝေးရတော့ပါ အချစ်ဆုံးရယ်
"ဒါကြောင့် မနက်ဖြန်မနက်စောစော ကျုပ်ကိုဒီနေရာမှာ စောင့်နေပါဦးနော်"
" မခင်နှင်းဆီစောင့်နေပါ့မယ်မောင်မောင်ရယ်"
"မိနှင်းဆီ ညည်းခြေလှမ်းတွေပျက်နေတာကြာပြီနော် ငါအကောင်းကြည့်နေတာမဟုတ်ဘူး"
"ဟို ဦးကြီးဒင်ကလည်း ကျုပ်ရွာရှေ့မရောက်တာကြာလို့သွားတာပါ"
"အေး ညည်းပါညည်း မရောက်လို့ပဲသွားသွား ဒီနေ့ကစပြီးညည်းရွာထဲမသွားရဘူး ဟိုဆရာဝန်မနဲ့လည်းမိတ်ဆေွလုပ်စရာမလိုဘူး
ညည်းအမေခြေရာလက်လိုက်မယ်မကြံနဲ့""ဟို.."
" ဟိုတွေဒီတွေလုပ်မနေနဲ့ တစ်ခါထဲပြောထားမယ် လာမည့်တနလ်ာနေ့ကြရင် ငါမိတ်ဆွေသားနဲ့ညည်းကိုစေ့စပ်ပေးမယ်"
"ရှင် ဦးကြီး..."
"ငါကိုဘာမှမပြောနဲ့ ငါမကြားချင်ဘူး ဒါညည်းသိအောင်အသိပေးတာ"
ဘယ်လိုလုပ်ရပါ့မလဲ ချစ်ရတဲ့သူကပြန်တော့မယ် ဒီကိစ္စပြောလိုက်ရင် ၊သူပြန်မှာမဟုတ်ဘူး၊သူမှာ မိသားစုအရေးဆိုတော့ အို ခက်ခဲလိုက်ပုံများ၊ကျလာတဲ့မျက်ရည်အပူတွေ သုတ်ရင်းအဝေးကိုငေးနေမိတော့သည်။
ဆက်ရန်....
27.3.2024
YOU ARE READING
တစ်ချိန်က မခင်နှင်းဆီ
Romanceဒီ လက်ပံပင်ကြီးရယ်... ထနှောင်းစုရွာလေးရယ် ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်အညာသူလေး မခင်နှင်းဆီရယ်....