"ဘကြီး ဖေဖေနဲ့မေမေ နေကောင်းကြရဲ့လား ကျုပ်ဆီရောစာပေးလိုကသေးလား"
"နေကောင်းတယ် ငါသူမကြီးရဲ့ စာတော့လူကြုံမပါးလိုက်ဘူး စကားလက်ဆောင်တော့ပေးလိုက်တယ် ဒီရွာမှာ ပျော်သလောက်နေပါတဲ့ သူတို့ ဒေါက်တာဆီကိုလဲ လာလည်ဦးမယ်တဲ့"
လူကမကျန်းမာပေမဲ့ စိတ်ကျန်းမာနေရင် ဒါဟာ ကျန်းမာရေးကောင်မွန်တာပဲမဟုတ်လား၊ တစ်ချို့လိမ်ညာမှာတွေက တစ်ခါတလေ သူတစ်ပါးရဲ့ စိတ်ကို မရှုပ်ထွေးစေဘူး မပူလောင်စေဘူးလေ။
"မဝိုင်းစိန်"
"ကျုပ်ကို ဘယ်သူခေါ်တာလဲလို့ ထူးထူးဆန်းဆန်း အိမ်အလည်လာလို့ပါပဲ "
" လာကျုပ်လက်ဖက်သုပ်ကျွေးမယ်
မေ့နေလိုက်တာ မြို့က၀ယ်လာတဲ့ လမုန့်လဲကျွေးမယ်"မဝိုင်းစိန်ပြောတဲ့စကားတွေကိုလဲ နားမ၀င်ဘူး၊ ဒီရက်ပိုင်းနေရတာမပျော်ဘူး ၊အေးပေါ့လေ အခုရက်ပိုင်းမှမဟုတ်ပါဘူး အမြဲတမ်းချုပ်ချယ်ခံရတဲ့လူဟာ ကြာကြာပျော်လို့မရပါဘူးလေ
"မခင်နှင်းဆီ တော့်ကြည့်ရတာ နေမကောင်းသလိုဘဲ ဒေါက်တာဆီသွားမလား"
အမြဲတမ်းတွေ့ချင်နေတဲ့ လူတစ်ယောက်သွားေတွ့မလားလို့ မေးခံရတဲ့လူဟာ ၊ငယ်ငယ်က မိုးရွာလို့ မိုးရေချိုးချင်လားလို့ မေးခံရတဲ့ ကလေးလို ပျော်ရွှင်တဲ့စိတ်ကလေးတော့ဖြစ်မိသား
"ကျုပ်နေကောင်းပါတယ် မဝိုင်းစိန် "
"ကျုပ်မေးစရာလေးရှိလို့ပါ""မေးပါတော် ရွာထဲကအကြောင်းလားကျုပ်အကုန်သိပါ့"
" ဒေါက်တာက ဒီနွေကုန်ရင် မြို့ကိုပြန်တော့မှာလားဟင်"
ကျုပ်သိပါတယ် မခင်နှင်းဆီရယ် ၊ဒေါက်တာအပေါ် မခင်နှင်းဆီ သံယောဇဉ်ရှိနေတာကို၊ တစ်ဦးနဲတစ်ဦး မေတ္တာရှိနေတာကို သူစိမ်းတွေလိုနေ နေရတာကိုတော့ ကျုပ်စိတ်မကောင်းလှဘူး မခင်နှင်းဆီရယ်
"မပြန်ဖြစ်လောက်ပါဘူး မခင်နှင်းဆီရဲ့ မကြာခင်နွေဦးရောက်တော့မှာကိုး ပြန်ချင်ရင် အဘမြို့ကိုအလည်သွားထဲက ဒေါက်တာ လိုက်သွားမှာပေါ့ မခင်နှင်းဆီရဲ့"
~
"အကျိုတော်ဆောင် သူတော်ကောင်းကြီး မြို့ကပြန်လာပြီကိုး "
"အစ်ကိုကြီးမင်းဒင် ထိုင်ပါဦးလား"
" ငါထိုင်ဖို့လာတာမဟုတ်ဘူးကွ အခုရောက်နေတဲ့ ဒေါက်တာက ဟိုမြင့်မောင်ရဲ့ သမီးဆိုဟုတ်လား အေး မဖြစ်သင့်တာတွေမဖြစ်ခင် အဲ့ကောင်သမီးကို မြို့ပြန်ပို့"
"ပြီးခဲ့တာတွေလဲ ပြီးပါပြီ အစ်ကိုကြီးမင်းဒင် ဒါတွေထား.."
"ဘာကွ ငါကသဘောထားကြီးပေးရမယ်ဟုတ်လား ငါညီမတစ်ယောက်အသက်ပေးလိုက်ရတာကုိကျေအေးပေးရမယ်ဟုတ်လား "
"ပြန်လွတ်တာမလွတ်တာ မင်းတို့အပိုင်းပါ ငါကဘယ်တော့မှ သွေးရောခံမှာမဟုတ်ဘူးဆိုတာ မင်းသိအောင်လာပြောတာ ငါဆိုတဲ့ကောင်က လူသတ်ဖို့လဲ ကြောက်နေမှာမဟုတ်ဘူးဆိုတာ မင်းသိပါတယ် "" မခင်နှင်းဆီ ကျုပ်ကိုဘာလို့ရှောင်နေရတာလဲ"
"ကျုပ်မရှောင်ပါဘူး ဒေါက်တာ ဒီတိုင်းပဲမတွေ့ဖြစ်ကြတာဖြစ်ပါလိမ့်မယ်"
" ဘ၀မှာ တစ်ခါတော့ ကိုယ်ချစ်တဲ့သူကိုချစ်တယ်လို့ပြောခွင့်ရှိတယ်မဟုတ်လား မခင်နှင်းဆီလဲကျုပ်ပေါ် မေတ္တာရှိတယ်ဆုိတာကျုပ်သိတယ်"
"အို....လွတ်ပါဒေါက်တာ လူတွေမြင်ရင် တစ်မျိုးထင်ကုန်ပါလိမ့်မယ်"
"ကျုပ်မလွတ်မပေးနိူင်ဘူး တစ်မျိုးထင်တော့လဲဘာဖြစ်သလဲ မခင်နှင်းဆီ ကျုပ်ကိုချစ်တယ်ပြောမှ ကျုပ်လွတ်ပေးမယ် ဘယ်နှယ့်လဲ"
"ဒေါက်တာနဲ့တော့ ခက်တော့တာပါပဲ....."
လုပ်ထားဦးပေါ့ကွာ မကြာခင်မှာ အဲ့ဒီပန်းဟာ ငါဆီမှာကြွေကျရမယ်ဆိုတာ သိအောင်ငါလုပ်ပြမယ်
ဆက်ရန်...
Nov.20
YOU ARE READING
တစ်ချိန်က မခင်နှင်းဆီ
Romanceဒီ လက်ပံပင်ကြီးရယ်... ထနှောင်းစုရွာလေးရယ် ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်အညာသူလေး မခင်နှင်းဆီရယ်....