တစ်ချိန်က မခင်နှင်းဆီ (အခန်း-၂)

825 54 0
                                    

"ဟဲ့ သူကြီးသမီး ဝိန်းစိန် ထမင်းဟင်းတွေကျက်ကြပြီလား မြို့ကဒေါက်တာလေးစိတ်ပျက်သွားအောင်တော့ ညင်းတို့တွေမလုပ်နဲ့နော်"
"ဟဲ့စိန်သောင်း ကျုပ်ကို ဝိန်းစိန်ဖြစ်ဝိုင်းစိန်ခေါ်စမ်းပါတော် သူကြီးသမီးဆိုတာကြီးမထည့်စမ်းပါနဲ့"
ဝိန်းစိန်က သူအဘသူကြီးဆိုပေမဲ့ မောက်မာတာတွေမရှိဘူး သိမ့်ကိုရိုးသားတာ ပျော်ပျော်နေတတ်တယ်။
ကျွန်မရွာလေးကိုရောက်ဖို့ ရင်ခုန်နေတယ် ကျွန်မကြာကြာနေနိူင်ပါ့မလား ၊ရွာသားတွေကရော ‌ကျွန်မကိုဖော်ရွေပါ့မလား ဒီလိုနဲ့မြို့ကားဂိတ်ကိုရောက်ခဲ့ပြီ၊ ခရီးသည်တွေများသလို ဆိုင်ရာဆိုင်ရာတွေ လှည်တွေကိုစိနဲ့ လာကြိုတဲ့သူတွေကအများပြား နေကလဲပူလာပြီ။
"သူကြီး ဒေါက်တာမလေး နာမည်ကို ကျုပ်လည်ပင်မှာချိတ်ထားလိုက်မယ် ကျုပ်တို့ ဒေါက်တာမလေးကိုမမြင်ဖူးဘူးလေ"
"အေး ဒီအကြံကောင်းတယ်ကွ"
ကျွန်မကိုလာကြိုမဲ့သူကိုရှာရင် လူနှစ်ယောက်ဆိုင်ပုဒ်ပြားကိုင်ထားတယ် ကျွန်မအနီးနာသွားကြည့်ရမယ်။
"ဒီကအဘ ကျုပ်ကိုလာကြိုတာလား ကျုပ်နာမည်က သု့နှောင်းမောင် ပါ။
ကျွန်မနာမည်ဖြစ်နေတော့ ဒါကျွန်မကိုလာကြိုတာပဲဆိုပြီ ဦးကြီးနှစ်ယောက်ကိုစကားစလိုက်တယ်။
"ဟေ ဟုတ်တယ်ကွဲ့ အဘကို ဒေါက်တာမလေးကိုလာကြိုတာ သူမကြီးက ငါသူကယ်ချင်း သူမကြီးအဖေနဲ့ ရူပရော စကားပြောပုံရော တစ်ထေရာထဲပါလား"
အဘမှမဟုတ်ဘူး လူတိုင်းလိုလိုပြောကြတယ် ကျွန်မကအဖေနဲ့ပိုတူတယ်တဲ့
"ကြဲ လှမောင်ရေ ဒေါက်တာအထုတ်တွေတယ် နေပူနေပြီ ကဲ သူမကြီးလှည်းပေါ်တတ်သွားကြစို့"
ကျွန်မအညာဒေသရဲ့ ပုံရိတ်တွေ၊အလှတွေက တကယ် ဆေးစက်အရုပ်ရေးထားသလိုပါပဲလား လေလေးတဖြူဖြူနဲ့ ပူလို့ပူမှန်းမသိပါဘူး။

(အနားမှာတဲ့ စိမ်းနုခြယ်)"×(အလယ်ခေါင်မှာ သံရောင်ကွက် ကယ်နဲ့)"
(ဘုရားငယ်ငုတ်တို၊ရောင်ခြည်လွှတ်ခါမှ)"×(ပုံတော်၀တ်ကြပါစို့ မခွေးရယ်)"
အောက်ပြည်ကလေတော် ထိုးမရယ်နဲ့၊အလို.....ပိုး၀ယ်ခဲ့မယ်။ ။
ကျွန်မ ဒိုးပတ်သံကိုကြားရတယ် ရွာအလှုုပွဲရှိတာလား ဘုရားပွဲလား အဘကိုမေးကြည့်ရမယ်။
"အဘ ဒီရွာမှာ အလှူကြီးလို့လား"
"မရှိပါဘူး ဒေါက်တာပေါက်စရဲ့ ဘာလို့တုန်းကွဲ့"
"ကျုပ် ဒိုးပတ်သံကြားရလို့ပါ"
"ဒေါက်တာကို ကြိုနေတာတဲ့ဗျာ"
ဖေဖေပြောသလိုပဲ ရွာသူရွာသားတွေက ဖော်ရွေးကြတာပဲ ဖေဖေကအဲ့ဒါကြောင့် ရွာလေးအကြောင်းကိုအမြဲဖောက်သည်ချနေတာမဆန်းပါဘူးလေ
"ငါသူမကြီးက အညာကိုချစ်တယ်နဲ့တူတယ် အညာလေသံတွေပါကုန်ပါရောလား သူမကြီးအဖေမြင့်မောင်ရော နေကောင်းရဲ့လားကွဲ့"
ကျွန်မအညာကိုချစ်ပါတယ် ဖေဖေကသူအညာကိုသိမ့်ချစ်တာ အခုဆိုကျမစိတ်ထဲ ကျွန်ဆိုတဲ့နာမ်စားထက် ကျုပ်ဆိုတဲ့ နာမ်စားက ပိုအရသာတွေနေရော။
"ဟုတ် နေကောင်းပါတဲ့အဘ "

(လုံမလေးကိုနော်ဗျာ သူအမေရိုက်ပါလို့)"×(လာလာလေ လိုက်ခဲ့ပါတော့ မောင်တို့ရွာ)"
(မြင့်‌သီခေါင်ရယ်နဲ့ ပုံထောင်ထီးတယ်၊ အလိုဗျာ.....ကြီးဧရာရွာ)

"ဟာ ဟိုမှာ သူကြီးတို့ဒေါက်တာမလေးတို့လာကြပြီ‌ဗျို့"
"ဟေ့ကောင်တွေ ဒိုးပတ်ကို မြိုင်မြိုင်လေးတီးပါကွ"
ဟို ရှေ့မှာမြင်နေရတဲ့ လူအုပ်စု က တဲ့သူ က တကယ်ကိုပျော်စရာပါလား
"ကဲ ဒေါက်တာ လာအောက်ဆင်းလျှောက်မယ် ရွာကလူတွေကမနက်ထဲကမျော်နေတာသပ"
"လှမောင် လှည်းကိုအိမ်မှာချွတ် ငါ့သမီးဝိုင်းစိန်ကိုပြော ထမင်းပွဲပြင်ထားလိုက်လို့"

‌(မောင်တို့ရွာမှာကွယ် ဘာတွေပေါ)"×(ပင်နီချောရယ်နဲ့ ယောထဘီ)"
( ပင်အကျီမှာကွယ် ကြွေတွေစီလို့)"
ကြိုက်ဘွယ်သာ ပေါတယ်ကွယ် ယောသူတို့ရွာ။ ။

"မောင်ဒိုးပတ်တို့လဲ နားကြတော့ လာကြ ထမင်းစားသွားကြစို့"

"ဟဲ့ မခင်နှင်းဆီ ကျုပ်အိမ်ကိုဘာလို့ မနေ့ကမလားတာလဲ ကျုပ်မျှော်လိုက်ရတာ"
မနှင်းဆီဆိုတာ ရွာရဲ့ ကွမ်းထောင်ကိုင်ပန်းထောင်ကိုင်ပေါ့ ရွာသူလေးနဲ့မတူ အသာအရေက ၀င်း၀င်းဝါဝါ ကာလသားတွေများဝိုင်ဝိုင်လည် ဦးကြီးမင်းဒင်ကြောက်လို့သာမကပ်ဝင့်တာ
"ကျုပ်လဲလာချင်သပ မဝိုင်းစိန်ရယ် ဦးကြီးဒင်က မသွားခိုင်းလို့တော့"
ဦးကြီးမင်းဒင်က မနှင်းဆီငယ်ငယ်ထဲကထိန်းကျောင်းလာတာ မနှင်းဆီအမေ ဒေါ်စိမ်ဝါက မနှင်းဆီမွေးပြီ သေသွားရှာတယ် ဦးကြီးမင်ဒင်က အရမ်းစည်းကမ်းကြီးတာ ရွာထဲဆိုလဲ မသွားခိုင်းဘူး မနှင်းဆီကလဲ အချောလှလေးကို
"ဒေါက်တာမလေးများချောလိုက်တာအေ ဘောင်ဘီရှည်နဲ့ သိမ့်လိုက်တာ ဟိုအရင်က မြို့အုပ်မင်းကြလို့အေ့"
"မြို့က ဆေးဝါတွေလဲရောက်လာပြီ မနက်ဖြန်ဆေးခန်း ဖွင့်ပြီတဲ့တော့ ကျုပ်တော့ ဖျားချင်လာသလိုပဲတော့"
"ကျုပ် မြင်ဖူးချင်တယ် မဝိုင်းစိန်"
"ဒါဆို ကျုပ်မနက်ဖြန်ယာထဲသွားရင် ၀င်ခေါ်မယ် ဦးကြီးကို လက်ပံပွင့်ကောင်လို့ ကျုပ်ပြောရမယ်"
မနှင်းဆီ၀မ်သာသွားတယ် လက်ပံပွင့်ကောက်ရမယ်ဆိုတော့ မဝိုင်းစိန်ပြောတဲ့ မြို့ကဒေါက်တာကိုလဲ ကြည့်ချင်သေးတယ်
"ကျုပ်ကို အတည်လာခေါ်နော် မဝိုင်းစိန် မဟုတ်ရင် ကျုပ်စိတ်ဆိုးပစ်မှာ"
"အေးပါ့အေ့ မခင်နှင်းဆီရဲ့ လာခေါ်ပါ့မယ်တော့"

Nov.2
ဆက်ရန်.....

တစ်ချိန်က မခင်နှင်းဆီWhere stories live. Discover now