လရိပ်ရောင်ကြောက်ရွံမှုကြောင့်ကိုယ်လုံးသေးသေးလေးမှာတုန်ရီနေတယ်
"လရိပ်ကိုဘာလို့ဖမ်းလာတာလည်းလရိပ်ကသာမန်လူတစ်ယောက်ပါလရိပ်ကိုပြန်လွှတ်ပေးပါ"
မျက်လုံးကိုအဝတ်နှင့်အစည်းခံထားရတာကြောင့်သူ့ကိုဖမ်းထားတဲ့သူရှိနေမယ်ထင်ရတဲ့ဘက်ကိုဉီးတည်ကာလရိပ်တောင်းပန်နေမိတယ်
ဆက်ရှိန်ညီသူ့ရှေ့ကသူ့အပိုင်လေးကိုထိုင်ကြည့်နေရာမှအနားကိုတိုးသွားပြီးဆံနွယ်ရှည်ရှည်တွေကိုကိုင်တွယ်လိုက်တယ်
"ကိုကိုကအရင်အတိုင်းဆံနွယ်ရှည်တွေရှိတုံးဘဲနော်"
ရင်းနှီးလွန်းတဲ့ကိုယ်သင်းနံ့နဲ့အတူနားထဲစီးဝင်လာတဲ့ယောက်ျားဆန်ဆန်အသံကြောင့်လရိပ်မှာပို၍ကြောက်စိတ်ပိုလာတယ်
"ရှိန်...ရှိန်လား"
ရှိန်သူ့ကိုကိုရဲ့မေးဖျားလေးကိုပင့်ကိုင်လိုက်ရင်း
"မောင် ရှိန်မဟုဘူး ကိုကို့ရဲ့မောင် ကိုကိုရဲ့သခင်"
"ရှိန်လရိပ်ကိုပြန်လွတ်ပေးပါနော်"
"အရင်ကအတိုင်းမောင်လို့ပြန်ခေါ်"
မေးဖျားကိုကိုင်ထားတဲ့လက်တွေတင်းကြပ်သွားတာကြောင့်လရိပ်နာကျင်သွားတယ်
"အာ့..မောင်"
"ဒီလိုလိမ္မာမှမောင်ကဆိုးတဲ့အရုပ်ကလေးတွေကိုမကြိုက်ဘူးဆိုတာသိရဲ့သားနဲ့မဆိုးချင်စမ်းပါနဲ့"
လရိပ်မျက်လုံးကိုစီးနှောင်ထားတဲ့အဝတ်ကိုရှိန်ဖြေချပေးလိုက်တယ်
"ဒီမောင့်ရင်ခွင်ကနေပြန်လည်ကြိုဆိုပါတယ်ကိုကို"
လရိပ်ရှုံးပွဲချငိုမိတော့တယ်
"ဘာကြောင့်မလွှတ်ပေးနိုင်ရတာလဲ ငါ့ဘဝလေးကိုဘာလို့အေးဆေးပေးမနေရတာလဲ!!"
"တိတ်စမ်းငိုမနေနဲ့ကိုကို မောင့်ရင်ခွင်ထဲကအချိန်အကြာကြီးထွက်ပြေးပြီးတာတောင်မလုံလောက်သေးဘူးလား!!"
မိမိကိုယ်လုံးလေးကိုဒေါသတကြီးလှုပ်ခါရမ်းနေတာကြောင့်လရိပ်ပိုတိုးလို့သာငိုမိတယ်