"ရှိန် လာပြီလား ဧကရီမနက်အစောကြီးထပြီးမုန့်ဟင်းခါးလေးချက်ထားတယ်"
ဧကရီဟာ သုံးယောက်ဝင်လာတဲ့အနက်ရှိန်ကလွဲပြီး လရိပ်တို့ကိုရှိတယ်လို့မသတ်မှတ်ထားပေ
"ငါမစားဘူး"
"ဟင် ...ဧကရီမှတ်မိပါသေးတယ် ရှိန်အရင်ကမုန့်ဟင်းခါးအရမ်းကြိုက်တာလေ"
"အဲ့တာအရင်က လူဆိုတာပြောင်းလဲတတ်တယ်"
ဒီစကားကိုရှိန်တမင်တကာပြောလိုက်တာပင်
မလိုအပ်တဲ့ဇယားတွေလာရှုပ်မှာဆိုးလို့"ဟင်းးဟင်းးး ဟုတ်မှာပါလေ လရိပ်အတွက်လည်ဧကရီထည့်ပေးမယ်နော်"
ဧကရီ မုန့်ဟင်းခါးထဲကိုတမင်တကာငရုတ်သီးများထည့်ပြီးပေးလိုက်တယ်
"ကျေးဇူးပါ မဧကရီ"
"ရပါတယ်"
လရိပ်တစ်ဇွန်းခပ်စားလိုက်တယ်
စပ်လဲစပ်တဲ့အပြင်သီးသွားတာကြောင့်မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာတယ်(A/N ငရုတ်သီး သီးတာအတော်ခံရခက်တယ်သီးဖူးလား)
"အဟွတ်!!! "
"ကိုကို"
"တိုတို ရေသောက်"
လရိပ် တိမ်စိုင်လေးပေးတဲ့ ရေကိုသောက်လိုက်တာတောင်အဆင်အပြေသေးရှိန်လရိပ်ကျောလေးကိုပွတ်ပေးရင်း ဧကရီကိုဒေါသတကြီးကြည့်လိုက်တယ်
"ဧကရီ တောင်းပန်ပါတယ် လရိပ်အစပ်မစားနိုင်မှန်းမသိလိုက်လို့ပါ"
"တောက်!!! ဒါမင်းတမင်တကာလုပ်လိုက်တာမဟုလား!!! "
"မဟု...မဟုပါဘူး အဟင့်!!"
ထုံးစံအတိုင်းမိန်းမတို့၏လက်နက်ဖြစ်သောမာယာမျက်ရည်ကိုသူမထုတ်သုံးလေတယ်
"ငါမင်းပြောတဲ့စကားကိုယုံမယ်ထင်လား!!"
"ဟုတ်တယ် အဲ့အဖွားကြီး တိုတိုကိုတမင်တကာယုတ်တာနေမှာ"
"တော်တော့မောင်နဲ့တိမ်စိုင်လေး လရိပ်ဘာမှမဖြစ်ပါဘူး ဧကရီကလည်း တစ်ကယ်မသိလို့နေမှာ"
လရိပ်ဝင်ပြောတာကြောင်ရှိန်မှာဒေါသတစ်ဆစ်လျှော့လိုက်ရတယ်