"တောင်းပန်ပါတယ်သခင်လေး အကိုလေးနဲ့တိုက်မိတဲ့ကားဆရာကပွဲချင်းပြီးဆုံးတာမို့ဘာအချက်အလက်မှမရခဲ့ပါဘူး"
"တောက်!! မင်းတို့"
"သားစိတ်လျှော့သမက်လေးတို့ကားတိုက်မှုကရိုးရိုးတန်းတန်းလဲဖြစ်နိုင်တာဘဲ"
"မဟုဘူးအဖေဒါကသက်သက်လုပ်ကြံတာမှန်းသိတယ်"
" Oh Yeah~~~~"
"ဟယ်လို"
"တိုတိုရှိန် တိုတိုသတိရလာပြီ"
"ဟုတ်လားအခုချက်ချင်းလာခဲ့မယ်"
"အဖေကိုကိုသတိရလာပြီကျွန်တော်သွားတော့မယ်"
"ငါလည်းလိုက်ခဲ့မယ်"
"ဟုတ်အဖေ"
🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀
"တိုတို အီးဟီး သက်သာရဲ့လား အဟင့် သားသားအရမ်းကြောက်သွားတာအီးဟီး"
လရိပ်ပြုံးလိုက်တယ်
"မငိုပါနဲ့ကိုကိုအဆင်ပြေပါတယ်"
"ကိုကို "
လရိပ်ပြုံးပြလိုက်တယ်
"မောင်အရမ်းစိတ်ပူသွားတာ"
"တောင်းပန်ပါတယ် "
"ဟင့်အင်း ကိုကိုသတိရလာတာကိုကကျေးဇူးတင်စရာပါ"
"အဟမ်း!!"
နှစ်ယောက်သားအလွမ်းသယ်နေတဲ့သားနဲ့သားမက်ဟာသူချောင်းဟမ့်သံကြားမှလှည့်ကြည့်လာကြတယ်
"နေရသက်သာတယ်မလား"
"ဟုတ်...ဟုတ်ကဲ့"
"သေချာဂရုစိုက်နော် တစ်နေရာရာနေမကောင်းတာနဲ့ချက်ချင်းပြောဗိုက်ထဲမှာကလေးလေးလည်းရှိနေတာဆိုတော့ဂရုစိုက်ရမယ်"
"ဟင်...."
ပြောတာကိုနားမလည်တာကြောင့်မောင့်ကိုမော့ကြည့်လိုက်တယ်"ကိုကို မောင်တို့မှာကလေးလေးရှိနေပြီဒီထဲမှာလေ"
သူ့ဗိုက်ကလေးကိုလာအုပ်ကိုင်တဲ့မောင့်လက်ကလေးပေါ်သူထပ်ကိုင်လိုက်တယ်
"ဒီ...ဒီထဲမှာလား"
"ဟုတ်တယ်ကိုကို"
လရိပ်ပျော်ရွှင်လို့မျက်ရည်ကျလာတယ်