☁️တွေ့ဆုံရန် ကံကြမ္မာဖန်လာခြင်း☁️
"လရိပ်..."
"ဗျာ အကို"
"မင်းကိုယ့်ကိုအလုပ်ရှာခိုင်းထားတာလေ"
"ဟုတ်အဲ့တာဘာဖြစ်လို့လဲဟင်"
"ကိုယ့်သူငယ်ချင်းကသူ့ညီလေးအတွက်စာသင်ပေးနိုင်မဲ့သူရှာနေတယ်တဲ့ လရိပ်သင်ပေးနိုင်မလား"
"သင်ပေးနိုင်တာပေါ့ လရိပ်ကစာသင်ရတာဝါသနာပါတဲ့သူဆိုတော့ ဟီး"
"သေချာရဲ့လား လရိပ်သူ့ညီကအရမ်းဆိုးတာ "
"သေချာပါတယ် ဘယ်လောက်ဆိုးဆိုး လရိပ်သည်းခံနိုင်ပါတယ် "
"အင်း ဒါဆိုဒီလိပ်စာကိုညနေသွားပြီး စာသင်ပေးလိုက်နော်"
"ဟုတ် အကို့ကိုလရိပ်ကျေးဇူးတင်ပါတယ်နော် အခုလရိပ်လုပ်စရာလေးရှိလို့ပြန်တော့မယ် "
"ကောင်းပါပြီ"
မိမိကိုကျောခိုင်းသွားတဲ့ လရိပ်ကိုကြည့်ရင်း မာနဆုတောင်းလိုက်မိတယ်
'သစ်ရဲ့ ညီလေး ရှိန်နဲ့လရိပ်အဆင်ပြေဖို့မျှော်လင့်ပါတယ်'☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️
လရိပ် ညနေရောက်တော့သူ့ရဲ့ဆံနွယ်တွေကိုသေသပ်အောင်စီးနှောင်းရင် စာသင်ရမဲ့လိပ်စာလေးဆီ Taxi စီးရင်းသွားလိုက်တယ်
ဆက်ရှိန်ညီ ဆရာအသစ်လာမယ်ဆိုလို့ ပညာပြရန်ကြံစည်နေတယ်
အရင်ဆရာတွေတုန်းကသုံးခဲ့တဲ့အကွက်တွေကိုသုံးလို့ရပေမဲ့ သူ့မသုံးချင်ဘူး အသစ်လာမဲ့ ဆရာရဲ့နာမည်လေးနဲ့တင်သူစိတ်ဝင်စားနေလို့ပင်......ဒေါက်!! ဒေါက်!!
"ကျောင်းသား အထဲမှာရှိတယ်မလား လရိပ်ကမင်းကိုစာသင်ပေးမဲ့သူမို့ တံခါးဖွင့်ပေးပါဉီး"
တံခါးအပြင်ဘက်ကနေ ငြိမ့်ငြိမ့်လေး ထွက်ပေါ်လာတဲ့အသံလေးကြောင့် ဆက်ရှိန်ညီတစ်ယောက် တံခါးကိုဆွဲဖွင့်ရင်း ဆရာဖြစ်သူရဲ့ကိုယ်လေးကိုအခန်းထဲသွင်းကာနံရံနဲ့ဖိကပ်လိုက်တယ်
"အာ့!! ကျောင်းသား ဖြေးဖြေးလုပ်ပါ လရိပ်ကမင်းကိုဆရာသင်ပေးမလို့လာတာ"