လရိပ်ခြံထဲမှာထိုင်ရင်းရောက်တတ်ရာရာတွေတွေးနေမိတယ်
သူဘဝကရှိန်ရဲ့အရုပ်ကလေးအတိုင်းပါဘဲထားရာနေစေရာသွားအကုန်သူ့အလိုကျပင်
သူ့စကားနားထောင်ရင်ချစ်ပေးမယ်
သူ့စကားနာမထောင်မိတာနဲ့အော်ငေါက်နေကျပင်"ကိုကိုအေးနေတာကိုဘာလို့ဒီမှာထိုင်နေတာလည်းမနက်ဖြန်မင်္ဂလာဆောင်မှာဖျားနေဉီးမယ်"
အေးနေတာကိုအပြင်ထွက်ထိုင်နေတဲ့ချစ်ရသူကြောင့်ရှိန်မှာအတော်စိတ်ပူရပါတယ်
ကိုကိုကသူစိတ်ပူတာကိုနားမလည်ဘူး"ပျင်းလို့ခနထိုင်နေတာပါ"
"ဟုပါပြီ လာမောင်နဲ့အထဲဝင်မယ်"
"အမေ့ ..ရှိန် လရိပ်ကိုအောက်ချပေး ကိုယ့်ဘာသာလျှောက်ပါ့မယ်"
ရုတ်တရက်ကောက်ပွေ့လိုက်သူကြောင့်လရိပ်မှာအလန့်တကြားငြင်းရတော့တယ်
"ဟင့်အင်းမချပေးဘူး မောင်ချီချင်လို့"
လရိပ်ဆက်မတားနိုင်တော့ဘူး
ဒီကလေးကသူထင်ရာသူလုပ်တာလေ ကိုယ်ကဘယ်တားနိုင်ပါ့မလဲရှိန် လရိပ်ကိုယ်လေးကိုကုတင်ပေါ်ချပြီးေစာင်ေသချာခြံုေပးလိုက်တယ်
ထို့နောက်သူရေချိုးခန်းထဲဝင်သွားပြီးရေချိုးလိုက်တယ်"Oh Yeah~~"
ရုတ်တရက်ကြားရတဲ့ exo promise သီချင်းသံကြောင့်ကြည့်လိုက်တော့ဟိုကလေးရဲ့ဖုန်းလာနေခြင်းပင်"ဟယ်လို"
ကိုင်သင့်မကိုင်သင့်စဉ်းစားပြီးမှသူကိုင်လိုက်တယ်"ရှင်ဘယ်သူလဲ ဘာကြောင့်ရှိန့်ဖုန်းကိုကိုင်ရတာလဲ"
လရိပ်တစ်ဖက်မိန်းကလေးရဲ့ပြောဆိုပုံကိုလရိပ်သိပ်သဘောမကျပါ အထက်စီးဆန်လွန်းတယ်"ရှိန်ရေချိုးနေတယ်မိန်းကလေး "
"ရှင်ကသူ့ငယ်ချင်းအသစ်လား အရင်ကဒီအသံမကြားဖူးဘူး"
"ဆိုပါတော့"
"ကိုကိုဘယ်သူနဲ့ဖုန်းပြောနေတာလဲ"
"မင်းဖုန်းလာနေတာ"
သူ့လက်ထဲဖုန်းပေးပြီးတာနဲ့ကုတင်ပေါ်တက်ပြီးအိပ်သွားတဲ့ကိုကိုပါလေ
သူကတော့သူ့ပေါင်မုန့်တွေမြင်အောင်အပေါ်ပိုင်းဗလာနဲ့ထွက်လာရတာကိုနည်းနည်းတောင်မကြည့်သွား