လရိပ်အချိန်အတော်ကြာတဲ့အထိငိုလို့ဝသွားမှ သူကြုံတွေ့ခဲ့သမျှအကြောင်းစုံကို အရီးအားပြောပြလိုက်တယ်
"ဘာ! သူက ငါ့သမီးလေးကိုဒီလိုလုပ်ရဲတယ်ပေါ့! ပူမနေနဲ့သမီး အရီးရှိတယ် သူမရှိလည်း ဗိုက်ထဲကကလေးတွေမျက်နှာမငယ်ရအောင်အရီးတို့ကျွေးမွေးနိုင်တယ်!"
"ကျေးဇူးပါအရီးရယ်"
******************************************************************************
"အား! ဗိုက်နာတယ် အရီးရေ""ခနလေးပါ အရီးတို့ရောက်တော့မယ် ဆရာရေကားမြန်မြန်မောင်းပါတော်"
လရိပ်တို့ဆေးရုံရောက်တာနဲ့ ခွဲခန်းထဲဝင်ရတော့တယ်
"အရီး မမလရိပ်အဆင်ပြေမှာပါနော်"
"ပြေမှာပါထွေးလေးရယ်"
ဒေါ်မြနဲ့ထွေးလေးဟိုလျှောက်ဒီလျှောက်လုပ်နေစဉ် ခပ်ချောချောလူငယ်လေးအမောတကောနဲ့ခွဲခန်းဆီပြေးလာတယ်ရှိန်ကိုကို ကိုအမြဲတမ်းစောင့်ကြည့်နေခဲ့တာပင် အခုလည်းကိုကိုခွဲခန်းထဲဝင်သွားပြီဟူသောလူယုံရဲ့စကားကြောင့်ရှိသမျှအလုပ်တွေပစ်ကာအပြေးလာခဲ့ခြင်းပင်
"ဒီကဘယ်သူလဲ"
သူ့ကိုလာပြောတဲ့သူဟာကိုကို ကိုစောင့်ရှောက်ပေးထားတဲ့သူမှန်းသိထားတာမို့တရိုတသေဘဲပြန်ပြောလိုက်တယ်
"ကျွန်တော်ကလရိပ်ယောင်ရဲ့အမျိုးသားပါ ""ဘာ ! မင်းကသစ္စာမရှိတဲ့အမျိုးသားပေါ့လေ!"
ဒေါသတကြီး အော်ဟစ်လာတဲ့ အမျိုးမီးကြီးကလရိပ်တွက်ခံပြင်းနေဟန်....
"ကျွန်တော် သစ္စာမရှိတဲ့သူမဟုတ်ပါဘူး ကျွန်တော်ရှင်းပြပါ့မယ်"
"ဟမ့်! ခိုးတဲ့သူကခိုးတယ်ဘယ်ပြောမလဲ! "
"အရီး ဒေါသလျှော့ပါ ဒီအကိုပြောတာနားထောင်လိုက်ပါဦး"
"ထွေးလေး ကလေးကကလေးလိုနေ ဒီမှာမောင်ရင် မင်းရှင်းပြမှာလဲ နားမထောင်နိုင်ဘူးမင်းကိုလဲမကြည်ဖြူဘူး"
သူတို့စကားအခြေအတင်ဖြစ်နေခြင်းဟာခွဲခန်းထဲကဆရာဝန်ထွက်လာချိန်မှာတော့ရပ်တန့်သွားတယ်