ခွဲခန်းကထွက်ပြီးသုံးနာရီအကြာမှလရိပ်ပြန်သတိရလာတယ်
"လရိပ် သမီးနေသာရဲ့လား အဆင်ပြေရဲ့လား"ခွဲထားနေရာကနာမှဆိုးတာကြောင့်လရိပ်မလှုပ်ဘဲပြုံးရုံသာပြုံးပြလိုက်တယ်
"အဆင်ပြေပါတယ်အရီး ဘာလေးမွေးလဲဟင် ""သားယောက်ျားအမွှာပါ"
ထွေးလေးနဲ့အရီးကနီတာရဲလေးနှစ်ယောက်ကိုချီလာပြီ လရိပ်ကိုပြတယ်
လရိပ်ရင်ထဲ ပြောမပြတတ်အောင်ပီတိဝေဖြာနေတယ် မိဘဖြစ်ရတဲ့ခံစားချက်က တစ်ကယ်ကိုကောင်းတယ်"မမလရိပ် ကလေးတွေကမမနဲ့မတူဘူး သူ့အဖေနဲ့တူတာ"
ထွေးလေးရဲ့စကားကြောင့် လရိပ်မျက်နှာပျက်ချင်သွားတာကိုအရီကသိတယ်
"ထွေးလေး! ကလေးကကလေးစကားပြော"
"ထွေးကလေးမဟုတ်တော့ပါဘူးနော် ၁၈ ပြည့်ပြီးပြီ"
"တယ်! ဒီကောင်မလေးငါထုလိုက်ရ သွားသွား အပြင်ကိုထွက်တော့"
"အရီး လရိပ်နားချင်ပြီ"
"အေးပါနားနား သမီးလေး"
အရီးနဲ့ထွေးလေးကအလိုက်တသိဆေးရုံခန်းထဲကထွက်သွားပေးကြတယ်
*********************************************************
လရိပ်ဆေးရုံဆင်းမည့်နေ့......သူတို့ ပစ္စည်းပစ္စယတွေသိမ်းနေစဉ်
"ကိုကို..."
"မင်း! မင်းဘာလာလုပ်တာလဲ ထွက်သွား!!"
သူရဲ့မျက်နှာကိုမမြင်ချင်လောက်အောင် လရိပ်မုန်းပါသည်"ကျွန်တော်သားလေးတို့ကို.."
"တော်စမ်း အဲ့တာငါ့သားမင်းသားမဟုတ်ဘူး!"
"ကိုကို ကျွန်တော်တောင်းပန်ပါတယ်"
"ထွက်သွားလို့ပြောနေတယ်နော်!!!"
""မောင်ရင်ရယ်ထွက်သွားလိုက်ပါ "
ဒေါ်မြအနေနဲ့ ဒီကောင်လေး လရိပ်မသိအောင် အမြဲလာချောင်းနေတာသိပါသည် သူနဲ့ လရိပ်ကြား တစ်ခုခုလွဲနေတာ
"အရီးမင်းကိုပြောစရာရှိတယ်လာလာ"
အရီးကရှိန်ကိုချော့မော့ကာခေါ်ထုတ်သွားမှလရိပ်အားရပါးရငိုချမိတော့တယ်
ဘာလဲ ဧကရီမရှိတော့လို့သူ့ကိုအစားထိုးဦးမလို့လား!