မောင်ဆက်ရှိန်သစ်နှင့်မောင်လရိပ်ရောင်
တို့၏
မင်္ဂလာပွဲ"ဟျောင့် ဆက်ရှိန် မင်းကငါတို့နှစ်ယောက်ထက်ဉီးသွားပါလား"
"ဟားဟားဒါအချစ်ကြောင့်ကွာ လာမင်းတို့နဲ့မိတ်ဆိက်ပေးမယ်"
"ဒါငါ့အမျိုးသား လရိပ်ရောင်"
"ကိုကိုဒါကျွန်တော့်သူငယ်ချင်းရဲရင့်နဲ့သွေးသူတို့ကချစ်သူတွေလေ"
လရိပ်ခေါင်းငြိမ့်ရင်းရှေ့ကနှစ်ယောက်ကိုပြုံးပြလိုက်တယ်
"အကိုကအရမ်းချောတာဘဲ ဒါကြောင့်ဖြစ်ရမယ်ဒီကောင်ကြီးတန်းတန်းစွဲနေတာ"
လရိပ်မှာရှက်ပြုံးလေးပြုံးရပြန်
"အကိုကသိပ်မချောပါဘူးကွယ်"
"ဟျောင့်တွေမစနဲ့နော် ငါ့ကိုကိုရှက်သွားမယ် သွားသွားထိုင်တော့"
"ဟုတ်ပါပြီကွာ သူ့ဟာလေးကိုအဖြစ်သည်းနေလိုက်တာ"
"ကိုကို မောင်သူ့တို့နဲ့လိုက်သွားပြီးနေရာချပေးလိုက်ဉီးမယ်"
"သွားလေ လရိပ်ကိုခွင့်တောင်းစရာမလိုပါဘူး"
မောင်ထွက်သွားတာနဲ့လရိပ်နား အနီရောင်ဝတ်ဆုံကိုဟိုဖော်ဒီဖော်နဲ့အမျိုးသမီးတစ်ဉီးရောက်လာတယ်
"ရှင်ကရှိန်လက်ထက်တဲ့သူပေါ့လေ"
လရိပ်ဒီမိန်းကလေးအသံကညကဖုန်းထဲကမိန်းကလေးအသံနဲ့သိပ်တူပါလား
"တို့ကရှိန်ရဲ့အချစ်ဉီးလေ သူကတို့ကိုစောင်နေမယ်ထင်တာအခုတော့တို့အစားထိုးမင်းကိုလက်ထက်လိုက်တယ်"
လရိပ်စိတ်ထဲဝမ်းနည်းစိတ်ကလေးဖြတ်ပြေးသွားတယ်
"မိန်းကလေးတစ်ခုခုပြောချင်နေတာဆိုတိုက်ရိုက်ပြောပါ"
"တို့နာမည်ဧကရီ မင်းကတို့ရဲ့အစားထိုး"
"လရိပ်ကိုအစားထိုးလို့ပြောနိုင်တဲ့သက်သေမဧကရီမှာရှိလို့လား"
"သိပ်ရှိတာပေါ့ ဒီမျက်ဝန်းတွေ ဒီဆံနွယ်တွေကတို့နဲ့သိပ်တူတယ် တို့သူနဲ့တွဲတုံးကဆံပင်အရှည်ကြီးလေ သူမင်းရဲ့မျက်ဝန်းတွေနဲ့ဆံနွယ်တွေကိုချစ်တယ်မပြောဖူးဘူးလား"