"မေးနေစရာလိုသေးလို့လား ဧကရီပေါ့"
ချစ်ရနှုတ်ခမ်းမှထွက်ကျလာတဲ့စကားတစ်ခွန်းဟာလရိပ်စိတ်အားအဆုံးအစွန်ပြိုလဲစေတဲ့အထိအားပြင်းပါသည်
အဟက်! သူဟာအစားထိုးခံမှန်းသိပါသည် သူရဲ့ဒိုင်ယာယာရီထဲမှာတောင် ဧကရီ ဒီနေ့ကိုယ်မင်းနဲ့သိပ်တူတဲ့လူတစ်ယောက်ကိုတွေ့မိတယ် သူနာမည်ကလရိပ်ရောင်ဆိုတဲ့ စာတန်းရှင်းရှင်းလင်းလင်းကြီးကိုတွေ့ခဲ့တာတောင် တစ်နေ့တော့ချစ်လာလိမ့်မည်ဆိုတဲ့စိတ်ကလေးနဲ့သည်းခံခဲ့တာ လရိပ်ရာ လရိပ်မင်းကသိပ်ရှုးတဲ့သူဘဲ
လရိပ်အရှုးလိုဟက်ဟက်ပက်ပက်ရယ်မောနေလိုက်တယ်"ဟားဟားဟား ဆက်ရှိန်ညီ ငါမင်းကိုမုန်းတယ်! ထပ်မတွေ့ချင်လောက်တဲ့အထိရွံ့တယ်"
လရိပ်မျက်လုံးစုံမှိတ်ကာသူ့ရဲ့ပူနေတဲ့ဗိုက်ကလေးကိုထိလိုက်တယ်
"ကလေးရေ ပါးမင်းကိုတောင်းပန်ပါတယ် မင်းကိုလူ့လောကထဲပါးမခေါ်သွင်းနိုင်တော့ဘူးထင်တယ်"
သို့သော်ေသနတ်သံကြားလိုက်ရေပမဲ့အချိန်ကြာတဲ့အထိမျှော်လင့်ထားသလိုကျည်ဆံမရောက်လာသောကြောင့် လရိပ်မျက်လုံးဖွင့်ကြည့်လိုက်တယ် ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ ဧကရီနဲ့သူ့ကိုဖမ်းလာတဲ့သူဟာသွေးအိုင်ထဲလဲကျနေတယ်
မာန်သစ်သေနတ်မှန်ထားတဲ့နေရာကနာကျင်နေပေမဲ့အသက်ဝင်စွာပြုံးနေခဲ့တယ်
"ဟန်ရာ အချစ်ကိုယ်လိုက်လာပြီ"ရှိန် သူဒီကိုတစ်ယောက်တည်းလာရအောင်အရူးလား
အခုတော့သူစီစဉ်ထားသလို အားလုံးအဆင်ပြေချောမွေ့သွားပြီ"ကိုကိုအဆင်ပြေရဲ့လား"
သူ့ကိုကြိုးဖြေပေးပြီးဆွဲဖက်လာတဲ့ရှိန်ဆီကနေလရိပ်ရုန်းထွက်လိုက်တယ်
"ငါ့အသားကိုမထိနဲ့!!"
လရိပ်နာကျင်နေတဲ့စိတ်နဲ့အတူထိုနေရာမှတရွေ့ရွေ့ ထွက်သွားတော့တယ်
"ကိုကို ဘယ်သွားမို့လဲ"
"ဟားဟား မင်းနဲ့ဝေးရာဆီလေ"
အရူးတစ်ယောက်လိုရယ်မောကာထွက်သွားတဲ့ ကိုကိုကိုကြည့်ပြီးရှိန်ခေါင်းငိုက်စိုက်ကျသွားတော့တယ်