[ ၄ ]

1.8K 216 0
                                    

မြွေတစ်ကောင်လို လျှာဖျားတွေဟာ
ငါ့ကိုယ်အနှံ့ ရစ်ပတ်နှောင်တွယ်..

နွေးနွေးထွေးထွေး..

တင်းနှောင်လွန်းလှ..

အိပဲ့ရှတ...

နှစ်ချို့နေတဲ့ နှီးနှောမှုအနားမှာ
လိပ်ပြာတွေဝဲပျံလို့..

ငါ့‌ရဲ့ ငွေမှော်ရောင်
လိပ်ပြာငယ်လေးမင်းကတော့
ငါ့ပခုံးစွန်းကို ငုံခဲလို့..

တိုးဝင်ခဲ့ပါဦး အယ်လန်ရဲ့..

လိပ်ပြာတွေရဲ့ တောင်ပံခတ်သံကို
မင်းရောကြားလားဟင်.. 

ပစ္စုပ္ပန်ဆီကအေးစိမ့်စိမ့်အငွေ့အသက်က
လက်လှမ်းပြနေလို့..

မှော်ဝင်တောင်ပံပိုင်ရှင်‌တွေ ခြေရာဖျောက်
ပျံထွက်သွားတဲ့အခါ...

ကျန်နေခဲ့တာ ခရမ်းရင့်ရောင်တွေ..

နွေဦးဆန်ဆန် မင်းအငွေ့အသက်တွေ..

နှစ်နှစ်မက်မက် မင်းသဘောတကျ အူလှိုက်သည်းလှိုက်ငါ့ညည်း‌မြေ့သံတွေ....

- 🌸 -

m e l o - p o e m Donde viven las historias. Descúbrelo ahora