နေခြည်ဖျော့ဖျော့က နှင်းစမ်းထားတဲ့
စင်္ကြလမ်းမပေါ်သို့ ကြွကြွရွရွလေး
ဖြတ်လျှောက်လာတယ်..ရှပ်အကင်္ျီပေါ်ကနေ
လည်ပိတ်ဆွယ်တာအထူတစ်ထပ်၊
လောင်းကုတ်တစ်ထပ်ဝတ်ထားတာတောင်မှ
မနွေးချင်တာကြောင့် ..
မပီပြင်ဝိုးတဝါးနေရောင်က
အနွေးဓာတ်လေးကိုပဲ
ငါ့မှာအသည်းသန် မျက်နှာမော့ခံစားလိုက်ရသေးတယ်..ပြီးတော့ ဆုတောင်းတယ်..
ဒီနေ့လည်း ဒီဆေးရံုဝင်းရဲ့ ဘယ်နေရာမှာမှ
မင်းနဲ့ထပ်မဆုံရစေဖို့ပေါ့ တစ်ချိန်ကအယ်လန်..ငါ .. မင်းနဲ့ ထပ်မတွေ့ချင်တော့သလို ..
အဲ့ဒီလူနာကိုလဲ မျက်နှာချင်းပြန်ဆိုင်ဖို့မရဲတော့ပါဘူးလေ..ငါ့ရင်ဘတ်ကို အခါခါပုတ်ခတ်ပြီး..
ငါ့ဂျူတီကုတ်ကို ဆောင့်ဆွဲပြီးသောင်းကျန်းဖူးတဲ့ လူနာရှင်တွေကြားမှာတောင် စိတ်မကွက်.. ၊
စိတ်မဖောက်ယွင်းဖူးတဲ့ငါက..
မင်းကြောင့်သာ
ပထမဆုံးအဖြစ် သမားတော်ကျင့်ဝတ်ကို စိတ်နဲ့ ဖောက်ယွင်းဖူးတာ အယ်လန်..လက်ထောက်ဆရာဝန်လေးတစ်ယောက်နဲ့
မင်းရဲ့လူနာကို လက်လွှဲထားတာ သုံးရက်ရှိပြီ..မင်းဆီက ဘာမှမကြားရသလို ..
အမြဲတမ်း ပြန်တင်ပြနေတဲ့
လက်ထောက်ဆရာဝန်လေးဆီကလဲ
အကြောင်းရာအထွေထူးမကြားရတာမို့
ငါတို့ထပ်တွေ့ဖို့ မလိုအပ်လောက်တော့ဘူး
ထင်ပါတယ်..အနေဝေးကွာမြဲ ဝေးကွာပါစေတော့
ငါတို့နှလုံးသားတွေ... ။လေပြေတစ်မျော့ ဖျတ်ခတ်သွားတာကြောင့် ..
မျက်နှာတစ်ပြင်လုံးအား ချမ်းစိမ့်ခြင်းတို့ဖြင့်
ရိုက်နှက်ခံလိုက်ရသည့်နှယ်..မနက်စောစောမို့ ရှင်းလျိုကျန်းမာရေးစင်တာဝင်ပေါက်ရဲ့လမ်းမမှာ လူသွားလူလာ၊ ယာဉ်သွားယာဉ်လာနည်းနေသေးတာကြောင့်လဲဖြစ်မယ်..
ဉတုက ကိုယ့်တစ်ေယာက်ကိုပဲ
ကွက်အေးစိမ့်နေစေ့သလို..အမှတ်မထင်.. ဆောင်းတွင်းေရာက်ပြီဆိုတာနဲ့ လက်အိတ်ကို ဒါဇင်လိုက် ဖြည့်ပေးထားတတ်တဲ့
မင်းအကျင့်တချို့က ပိတ်ထားတော့မဲ့ဆဲဆဲ အတွေးတံခါးဆီ အတင်းတွန်းဖဲ့တိုးဝင်လာပြန်တယ်..

ESTÁS LEYENDO
m e l o - p o e m
Fanfictionခရမ်းရင့်ရောင် အိပ်မက်တွေထဲ ငါ.. မင်းကို လိုက်ရှာနေဆဲ ထာဝရအယ်လန် .... ။ ။ [ Unicode Only available ]