[ ၃ ]

2.8K 303 16
                                    


' ငြင်းပါရစေ ရှောင်းကျန့်.. '

ငါ့တစ်ကိုယ်လုံးရဲ့ကိုယ်ငွေ့တွေကို လွှမ်းခြုံသွားပါသော တရားလွန်အေးစက်မှုကိုခံစားရပြီးတဲ့နောက်.. စာအုပ်ပုံတွေကြားမှာ ထုံးစံအတိုင်း ငါနိုးထလာတယ်..

တိတ်ဆိတ်ခြောက်ကပ်စွာ..
အသိဉာဏ်တို့က ဝေဝါးလွန်းစွာ..

အိပ်မက်မက်နေပြန်ပြီပဲဆိုတာကို အိပ်မှုန်စုပ်မွှားနဲ့ ငါလက်ခံလိုက်ရတာမျိုးပဲ အယ်လန်..

ရှုပ်ထွေးပေမဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက် သုတေသန‌ေလ့လာချက်‌ေတွကြားမှာ ငါဟာနေ့စဉ်ရက်ဆက်မမောနိုင်မပန်းနိုင်..

' ကိုယ့်ခံနိုင်ရည်အားထက်ကျော်လွန်ပြီးကြိုးစားဖို့ ခေါင်းမာတဲ့ကျန့်ကောကို ငါတကယ်မကြိုက်ဘူးဆိုတာ သိလား '

တော်ပါတော့ကွာလို့ ညည်းတွားချင်လောက်အောင်ထိပဲ.. မင်းက ငါ့အတွေးထဲကို ဦးဆုံး ခိုဝင်လာပြန်တယ် လီယိုအယ်လန်..

ငါ့လူနာတွေအတွက် ..၊ စာတမ်းပြုစုရေးအတွက် .. ဆိုတဲ့ ခေါင်းစဉ်မျိုးစုံနဲ့ မအိပ်မနေဖြစ်ရတဲ့အချိန်တိုင်းမှာ ဖြည်းဆေးတဲ့လေသံနဲ့ အားပေးတတ်တဲ့ အခု လက်ရှိဆိုင်သူထက် ငါတွေးမိနေတာ ကျားခုတ်ကျားခဲငါ့ကြိုးစားမှု‌ေတွကိုဆို အမြဲညည်းညူပြစ်တင်တတ်တဲ့ မင်းကိုမှတဲ့..

လွန်ခဲ့တဲ့တစ်ပတ်က ငါ့ရဲ့ အရှက်မဲ့မဲ့ဖိတ်ခေါ်မှုကို မင်းငြင်းပစ်ခဲ့တာကြောင့်ပဲ ငါ့မာနက မင်းအကြောင်း ပို‌ေတွးနင့်စေသလား..

ခပ်ပါးပါးထိရှခဲ့ရတာတော့ ငါမညာပါဘူး အယ်လန်..

ရှစ်နှစ်တာလုံး..အိပ်ချင်မူးတူးနဲ့ ပြောမိတဲ့ ငါဆီက အမှတ်တမဲ့ဆန္ဒစကားတစ်ခွန်းမှအစ မဖြစ်ဖြစ်အောင်လိုက်လျောဆောင်ကြဉ်းပေးတတ်တဲ့ မင်းဆီကနေ ပထမဆုံးအဖြစ် အငြင်းခံခဲ့ရခြင်းမဟုတ်လား..

ဒီတစ်ပတ်လုံး .. ခွဲခန်းလူနာတွေ၊ စာတမ်းလေ့လာချက်တွေနဲ့ တစ်ချက်ကလေးမှ အနားမရတဲ့ ငါ့ကို‌ေတာင် .. ပြန်တွေးမိလိုက်တိုင်း မျက်နှာပူစေတဲ့အထိ သိစိတ်ရောမသိစိတ်မှာပါ လွှမ်းချုပ်ခံနေခဲ့ရ...

m e l o - p o e m Onde histórias criam vida. Descubra agora