" သေချာလား .. ရှောင်းကျန့် "
ငါ့မျက်ဝန်းတွေကို စူးနစ်အောင်ကြည့်ရင်း
ရိပေါ်ကမေးတယ်.." အရမ်းသေချာတယ် .. လီယိုအယ်လန် "
ရိပေါ်က ငါ့ကိုပွေ့ချီလိုက်ပြီးတာနဲ့ အရာခပ်သိမ်းကို နောက်မှာချန်ခဲ့ေတာ့တယ်..
ငါသိတယ် အယ်လန်ရဲ့..
မင်းဟာ ဒီလိုအရူးကောင်လေးဆိုတာ
ငါသိပ်သိတာပေါ့.." လီယိုအယ်လန်.. တစ်ဖက်နိုင်ငံမှာ မင်းရဲ့သတို့သမီးလောင်းစောင့်နေေသးတယ်ဆိုတာတော့
မမေ့နဲ့နော် "စက္ကန့်ပိုင်းလောက် ရပ်တန့်သွားတဲ့ ရိပေါ်ရဲ့ခြေလှမ်းတို့က.. နှုတ်ခမ်းစွန်းတစ်ဖက် အပေါ်သို့တွန့်ကွေးပြီးနောက်မှာ ရှေ့သို့သာဆက်နှင်ရဲ့..
ငါဟာလည်း ရိပေါ်ရဲ့လည်တိုင်ကို ချိတ်ခိုလို့သာပေါ့..
တကယ်ဆိုရင် ငါ့မှာ မေးစရာတွေရှိနေသင့်တယ်မဟုတ်လား အယ်လန်..
သတို့သမီးလောင်းက ဘယ်သူလဲဆိုတာမျိုး..
ဒါဖြင့်ရင် မင်းရဲ့အစ်ကိုလေးအပေါ်မှာ
မင်းက ဘာစိတ်မှရှိမနေဘူးလားဆိုတာမျိုး..ဒါပေမဲ့ မင်းရင်ခွင်ထဲကိုရောက်နေပြီးသား ငါဟာ
ဘာပူပန်မှုမရှိတော့သလိုမျိုး.. မင်းလှုပ်ရှားမှုတစ်ချက်စီတိုင်းရဲ့ဆွဲငင်မှုနောက်ကိုလိုက်ပါဖို့သာ စိတ်ဆောင်နေတယ် အယ်လန် ..'ကန်' ဘယ်လိုဖြစ်ကျန်နေခဲ့မှာလဲ..
'ကန်' ဘာလို့ ငါ့ဆီမလိုက်လာသလဲ ..
ဒီအတွေးတွေဟာလည်း ငါ့အတွက် အပ်ပေါက်ရာလောက်တောင် အရေးမကြီးတော့ဘူး အယ်လန်..
အခုဖြစ်ဖြစ် ရပ်တန့်လိုက်ရင်
အချိန်မီနိုင်လိမ့်ဦးမယ်..ဒီအမှန်တရားကို ငါသိနေလည်း မင်းကို တောင့်တနေတဲ့ ငါ့ကိုယ်ထဲက မကောင်းဆိုးဝါးကောင်ကို ဘယ်နည်းနဲ့မှ ငါမတွန်းလှန်နိုင်ခဲ့ရဘူး ..
အခုတော့ဖြင့် ဘယ်သူက စမှန်းမသိတဲ့ ရှိုက်ထန်တဲ့ အနမ်းတို့နဲ့တကွ ငါနဲ့မင်းဟာ သစ်သီးဝလံတင်တဲ့ လမ်းကြုံကားနောက်ခန်းရဲ့ထောင့်မှာ ပိတ်မိနေကြတယ်..
VOUS LISEZ
m e l o - p o e m
Fanfictionခရမ်းရင့်ရောင် အိပ်မက်တွေထဲ ငါ.. မင်းကို လိုက်ရှာနေဆဲ ထာဝရအယ်လန် .... ။ ။ [ Unicode Only available ]