ခရမ်းရောင်တွေ တဖျပ်ဖျပ်ခတ်နေခြင်းဟာ
အတိတ်ရဲ့ပြတင်းတံခါးဆီမှာ ..ရိပေါ်က ငါ့ကိုဖက်တွယ်နေခဲ့ပြီး..
ငါ့ရဲ့ခိုနားရာဟာလဲ ရိပေါ်ဖြစ်ခဲ့တဲ့ကာလတွေဟာ
သိပ်ကို ကြည်နူးစရာပေါ့.." ဒီည ငါလာအိပ်မယ် " တဲ့..
မင်းဆီက ဒီလိုစာတိုတစ်စောင်ရတာနဲ့ ရေခဲမုန့်စားရတော့မဲ့ ကလေးလေးတစ်ယောက်ရဲ့အပြုံးမျိုးနဲ့ ဖြစ်ခဲ့ရဖူးတယ် အယ်လန်ရဲ့..
ငါ တကယ်ပြောတာပါ..
လိမ်ညာစရာလဲ ဟုတ်မှမဟုတ်တာ..
တရုတ်ရိုးရာဆေးကျမ်းတွေနဲ့ ရောဂါဗေဒ
သင်ခန်းစာတွေကြား..တစ်လှည့်စီ ဦးနှောက်ခြောက်နေရတဲ့ ရက်သတ္တပတ်တွေထဲမှာ.. အဆောင်ကိုမင်းလာအိပ်တဲ့ညတို့ကသာ ဦးနှောက်ဆေးကြောနိုင်ရာနာရီတွေဆိုတာ..စနောက်ဟန်တွေနဲ့ပေမဲ့ စိတ်ရင်းတွေစွက်ခဲ့တယ်ဆိုတာလည်း မင်းမြင်ေအာင်ကြည့်သင့်တာေပါ့ အယ်လန်..
ဒုတိယနှစ်စကစပြီး ငါနေတဲ့ကျောင်းဆောင်အခန်း
မှာ တစ်နေရာစာအပိုလိုက်ယူဖို့ ဂျီကျခဲ့တာက ရိပေါ်ပေမဲ့.. ရိပေါ်လာမဲ့ရက်တွေကို ထိုင်မျှော်နေရသူဟာ ငါပဲဖြစ်ခဲ့ရတော့တာ မဟုတ်လား..မင်းကတော့ အတိတ်ရဲ့ သာမန်ကာလျှံကာ ဖြစ်ရပ်တွေထဲထည့်လိုက်လောက်ပြီလားမသိပေမဲ့ ..
မြတ်နိုးခဲ့ရ အယ်လန်လေးရဲ့..
အချိန်ပြည့် အဆောင်နေတာမျိုးမဟုတ်သော်ငြား တစ်ပတ်မှာ နှစ်ရက်သုံးရက်လောက်တော့ မဖြစ်ဖြစ်အောင် ညအိပ်ညနေလာတတ်တာကိုတောင် ငါ့မှာ မလုံလောက်ဘူး ထင်နေမိလို့..
ဒီကနေ့မှာလည်း..
မင်းလာမယ်ဆိုတာနဲ့တင် စိတ်မပါလက်မပါနဲ့
ရှင်းလင်းလက်စ တို့လို့တွဲလွဲအင်္ကျီတွေကိုပစ်ချပြီး ကုတင်ပေါ်ကိုသာ ငါစိတ်ေြဖာင့်ေြဖာင့်နဲ့ပစ်လှဲလိုက်တော့တယ်..မင်းရောက်လာရင် အကုန်အဆင်ပြေသွားမှာ
ငါသိနေတာကိုး...အိမ်မှာဆိုရင်ခြေမွေးမီးမလောင် လက်မွေးမီးမလောင်မင်းက ငါနဲ့ဆိုရင်တော့ ..
ငါ့ကိုအလိုလိုက်ဖို့အတွက်နဲ့ အစစအရာရာ မင်းလက်မင်းခြေသာဖြစ်စေတတ်တာမျိုး..
ESTÁS LEYENDO
m e l o - p o e m
Fanficခရမ်းရင့်ရောင် အိပ်မက်တွေထဲ ငါ.. မင်းကို လိုက်ရှာနေဆဲ ထာဝရအယ်လန် .... ။ ။ [ Unicode Only available ]