အပိုင်းပိုင်းကျိုးပဲ့သွားတဲ့ သံယောဇဉ်တစ်ခုကို စကားလုံးတေွနဲ့ ပြန်တေ့ဆက်လို့မရ..
ခံစားချက်တွေနဲ့ ပြန်ချိတ်ဆက်မရ...နှစ်ယောက်တည်းနဲ့ ကမ္ဘာပတ်ဖို့အထိ စိတ်ကူးယဉ်ဖူးကြတဲ့ ငါတို့တွေဟာ.. အခုတော့ဖြင့် စားပွဲတန်းရှည်တစ်ခုခြားစာမှာ ရင်းနှီးခဲ့ဖူးေသာသူစိမ်းတွေအဖြစ် မျက်နှာချင်းဆိုင်နေရပေါ့..
တစ်ချိန်က ငါစနောက်ခဲ့တဲ့ စကားတစ်ခွန်းကို မင်းရောပြန်တွေးနေမလား မသေချာ..
' ငါတို့နှစ်ေယာက်သာ ရည်းစားဟောင်းတွေအနေနဲ့ တစ်ဝိုင်းတည်းအတူတူပြန်ထိုင်ရရင် ဘယ်လိုဖြစ်နေလောက်ကြမလဲ ' ..
ဒီမေးခွန်းကိုမေးမိတုန်းက မင်း ငါ့ကို တအားစိတ်ဆိုးသွားခဲ့သေးတာမဟုတ်လား..
မနည်းပြန်ချော့ခဲ့ရတာများ..
ငါ... အိပ်ရာထဲကနေ နှစ်ရက်လောက် မထနိုင်တော့တဲ့အထိလေ..
ဒါတွေကို မင်းလဲမေ့နိုင်စရာအကြောင်းမရှိဘူးလို့ ငါတော့ ယုံချင်နေသေးဝာာပဲ အယ်လန်ရဲ့..အခုအချိန် ငါ့မျက်ဝန်းတွေကနေတစ်ဆင့် ငါ့အတွေးတွေကို မင်းဖတ်နိုင်ရင်တော့ လှောင်နေလိမ့်မလား..
ပြတ်သားပြပြီးမှ လွမ်းတတ်နေတာ ဒီနှစ်တွေထဲ
'ကျန့်ကော' တတ်ကျွမ်းလာတဲ့ ပညာအသစ်လားလို့ ခနဲ့နေမှာစိုးပါတယ်..ငါတကယ်စိုးထိတ်တာပါ အယ်လန်..
ငါ့ကိုခနဲ့တဲ့ပညာရပ်ဆိုတာလဲ မင်းအပိုင်နိုင်အကျွမ်းကျင်ဆုံးဖြစ်ခဲ့တာမဟုတ်လား ကိုယ့်ကလေးလေးရဲ့..။
ထပ်တူညီပန်းတိုင်တစ်ခုတည်းဆီသို့ တူနှစ်ကုိယ်ယှဉ်တွဲလျှောက်လှမ်းရာမှ ကွဲကွာသွားကြတဲ့ ခြေလှမ်းကိုယ်စီနဲ့ အနာဂတ်ကိုယ်စီ....
နှစ်ယောက်တစ်အိပ်မက်ကနေ တစ်ယောက်တစ်အိပ်မက်အဖြစ်ေပြာင်းလဲထုဆစ်ရတဲ့ဘဝနှစ်ခုမှာ နှလုံးသားတွေရင်းခဲ့ရတာဟာလည်း သေချာခဲ့ပေါ့ ..။
ငါ့ထာဝရလေးရဲ့.. ။
တွန်းတိုက်စနောက်နေကြတဲ့ သူငယ်ချင်းတွေကြားထဲမှာ.. ဘီယာအမြုပ်တွေထဲသာ အာရုံထည့်ထားတဲ့မင်းနှုတ်ခမ်းတစ်စံုကိုပဲ ငါဟာ ေတွတွေငေးမော..
ESTÁS LEYENDO
m e l o - p o e m
Fanficခရမ်းရင့်ရောင် အိပ်မက်တွေထဲ ငါ.. မင်းကို လိုက်ရှာနေဆဲ ထာဝရအယ်လန် .... ။ ။ [ Unicode Only available ]