[ ၆ ]

1.6K 188 1
                                    

ငြိတွယ်ရစ်ငင်ပါသော ထာဝရ.. ။

အတိတ်တွေကို
ထုတ်မကြည့်‌ဖြစ်တော့မဲ့
ခေါက်အိတ်ကလေးထဲ ထည့်သိမ်းထားတယ်..

ခိုးခိုးနမ်းရှိုက်တာက ငါမဟုတ်တဲ့ငါဖြစ်မယ်..။

အချစ်ဟာ အိမ်ပြန်မလာတော့ဘူး အယ်လန် ။

မေတ္တာတရားတွေ လမ်းပျောက်တော့
ရင်ဘတ်ထဲက အမှတ်တရတွေဟာ
သွေးအလိမ်းလိမ်း..

ကြုံကြိုက်လို့တောင် ဝင်နှုတ်မဆက်တော့တဲ့
ကိုယ့်အသည်းပန်းကလေး..

ငှက်ကလေးတွေ ဘယ်အချိန်အိပ်တန်းတက်သလဲ..

ငါ့မှော်ဝင်လိပ်ပြာငယ်လေး မင်းကတော့ နေညိုရင် ငါ့ရင်ခွင်ထဲ ဝင်ခွေနေကျပဲ..

ခရမ်းရောင်တွေ လှိုင်းထနေဆဲကာလတွေကို
ငါပြောတာပါ..။

ဒ‌ီလိုနဲ့... ။

စကားမစပ်...။

မင်းအငွေ့အသက်တို့ကိုလဲ
ရင်ခွင်ထဲ ထည့်ဖွက်ထား‌ေသးတယ်..

သတိရတိုင်း ထုတ်ထုတ်နမ်းမက်ရပြန်တာပဲ..

ပြီးရင် တိုင်တည်နေကျ..

ထာဝရဘုရားသခင် မဟုတ်ရ..

ထာဝရအယ်လန်လို့ပေါ့..

တိုးတိုးလေး.. ဖွဖွလေး .... ။ ။

- 🌸 -

m e l o - p o e m Where stories live. Discover now