[ ၈ ]

1.4K 173 0
                                    

အိပ်မက်တွေကို
အကြွေးနဲ့တက်သိမ်းလို့ရရင်
သိပ်ကောင်းမယ်..

မရယ်နဲ့ အချစ်ရဲ့..

အပြုံးတစ်ပွင့်နဲ့
ငါ့ကို မင်း မသိချင်ယောင်မဆောင်လိုက်နဲ့
လီယိုအယ်လန်..

အယ်လန်ရဲ့. .

ငါ ကြိုသိခဲ့ဖို့ကောင်းတယ်နော်..

ခုနှစ်တွေဟာ
အလွမ်းတွေကို မတိုက်စားနိုင်ခြင်း‌ေတွ..
အချိန်တွေဟာ
တစ်ချိန်က အချစ်ကို မငုပ်လျှိုးနိုင်စေခြင်းတွေ..

ယုံမိခဲ့ဟာပေါ့
စောက်ကျိုးနည်း နိယာမများ...

လွမ်းခဲ့တယ် ..
လွမ်းနေဆဲ ချစ်လှစွာသောကလေးရဲ့..

လွမ်းဆွတ်ခြင်း‌ေတွရဲ့ သည်အကြွေး..
မင်း သေချာပေါက် ပြန်ဆပ်မှဖြစ်မှာပေါ့
အယ်လန်..

ဒီလိုဆို ငါဟာလဲ
မှော်ခတ်တဲ့ခရမ်းရင့်ရောင်တွေထဲက
မနိုးထနိုင်စွ.. ထာဝရ..

အရောင်လွင့်လွင့် အနာဂတ်‌ေတွကို
ငါတကယ်ပြေးမတွေ့ချင်လှဘူး ..

မေတ္တာအိမ်လှောင့်ချိုင့်ထဲမှာ
ဝင်ခွေနေခဲ့စိတ်နှလုံးဟာ
အဲ့သည်လောက် ယဲ့ယဲ့ကလေး..

ဒီဇာတ်ကို ဆုံးခန်းမတိုင်ပစ်ချင်ဘူးရယ်လို့
အောင်ခေါင်ခြစ် ငါအော်ဟစ်နေလည်းပဲ..

အယ်လန်ရယ်.. တကယ်က..

ဒီသံသရာမှာ ဘယ်တော့မှလေ..
ငါတို့က .... ။

- 🌸 -

m e l o - p o e m Where stories live. Discover now