" ဖြစ်နိုင်ရင် သူ့ကို ခင်ဗျားပဲ လာကြည့်စေချင်တယ် "
မနေ့ကမနက်ခင်းမှာ မင်း ပြောသွားတဲ့စကားကို ငါပြန်ကြားယောင်တယ် အယ်လန်..
အောင့်တစ်ချက်မျက်တစ်ချက် စိတ်နှလုံးကို မလိုတမာနဲ့ပဲ ငါ မသိချင်ယောင်ဆောင်လိုက်ရတယ်..
အမိန့်သံမဆန်သလို.. တောင်းဆိုနေပုံလဲမပေါက်ဘဲ ဖြစ်စေချင်တာကို ပွင့်ပွင့်လင်းလင်းထုတ်ပြောလာသလိုမျိုး.. မင်းပုံရိပ်က တည်ငြိမ်ရင့်ကျက်နေခဲ့တယ်..
မင်းရည်ညွှန်းနေတဲ့လူရဲ့ ခွဲစိတ်ခန်းကို တာဝန်ယူကိုင်တွယ်ခဲ့တာဟာ ငါဖြစ်တာကြောင့် ငါနဲ့မှ ပိုစိတ်ချချင်ပုံမျိုးလည်း မင်းထပ်အသိေပးလာသေးတယ်..
မင်းရဲ့လူကို ခွဲစိတ်ပေးထားတဲ့ဆာဂျင်ဆိုတဲ့အသိနဲ့တင်.. နာကျည်းခဲ့ဖူးတဲ့ အချစ်ဟောင်းငါ့ကို မျက်နှာအောက်ချလာတဲ့မင်းဟာ ချစ်ရသူအတွက်ဆို မပြောင်းမလဲ အနွံတာခံတတ်နေတုန်းပဲလား..
ရှင်းလျိုကိုဘာလို့ အလျင်စလို အလုပ်ဝင်လိုက်သလဲ မေးစရာတောင် မလိုတော့အောင်ပါပဲ အယ်လန်..
ဒီဆေးရုံမှာ လပိုင်းေလာက်ကြာနိုင်ဦးမဲ့ မင်းအကဲဆတ်ေနသူအတွက် အနီးကပ်စောင့်ရှောက်ပေးချင်တာအပြင် ဘာရှိလိမ့်ဦးမလဲလေ..
ငါ့အသည်းပန်းကေလးရဲ့.. ။
ခြွင်းချက်မရှိ..
မင်းဟာ သိပ်ချစ်တတ်တဲ့
အမျိုးသားေလးဖြစ်နေတုန်းပါပဲလား..ငါ့ကို မဟုတ်တော့တာကလွဲရင်ပေါ့လေ
ဟုတ်လား အယ်လန်....။ ။- 🌸 -
ကျောင်းဝင်းထဲကို ခြေချမိတာနဲ့ တစ်ပြိုင်နက်..
လေပြေတွေက အတိတ်ရဲ့ရနံ့တွေကို သယ်ဆောင်လာတယ် အယ်လန်..မင်းရော ခံစားမိနေရဲ့လား...
ပြန်လည်မွမ်းမံထားတဲ့ ကျောင်းဆောင်တွေနဲ့ ပိုမိုများပြားလာတဲ့ သစ်ရိပ်ပင်တန်းတွေကြားမှာ ဆေးကျောင်းသားကျောင်းသူတို့ဟာ အရောင်အသွေးစုံလင်နေလို့...
မြို့တော်ဆေးတက္ကသိုလ်ရဲ့ ပင်မကျောင်းဝင်းဟာ ငါတို့ရှိခဲ့စဉ်ကနဲ့ ကွာခြားချက်ေတွရှိနေခဲ့ပြီပဲ အယ်လန်..

YOU ARE READING
m e l o - p o e m
Fanfictionခရမ်းရင့်ရောင် အိပ်မက်တွေထဲ ငါ.. မင်းကို လိုက်ရှာနေဆဲ ထာဝရအယ်လန် .... ။ ။ [ Unicode Only available ]