[ ၂၁ ] ㅡ 🌸

5.7K 358 143
                                    

ကတိတည်တဲ့ လီယိုအယ်လန်‌ေလးကို
ငါငေးစိုက်ကြည့်နေတာ..

နေမြင်ရခဲတဲ့ဒေသမို့ နေရောင်ဟာ အခန်းထဲသို့
ဖျော့ထွေးထွေးလေးသာ ရိပ်သမ်းနေတယ်..

ငေးကြည့်နေမိတဲ့နှုတ်ခမ်းက ပေါက်ပြဲရာ‌ေသး‌ေသးလေးဟာ အမှန်တရားတစ်ခုကို မီးမောင်းထိုးပြနေလျက်..

ညတုန်းက .. လူတစ်ယောက်အနေနဲ့
အဆုံးရွားဆုံးလုပ်ရပ်ကို ငါလုပ်ခဲ့ပြီးပြီအယ်လန်..

အဲ့ဒါကလည်း မင်းနဲ့ .. ။

" အစောကြီးရှိသေးတယ်မလား "

မပီမပြင်အက်ရှရှအသံထွက်လာတဲ့အခါ..

မင်းရဲ့မျက်ခွံမို့မို့တွေပေါ်သို့ ခပ်ရေးရေးလိုက်ပွတ်နေမိတဲ့ ငါ့လက်ကို အလျင်အမြန်ပဲပြန်ရုတ်သိမ်းလိုက်တယ် အယ်လန်..

မနက်လင်းရင် ဖြစ်ပေါ်လာမဲ့ ငါတို့ရဲ့ဆက်ဆံရေးကို
ငါတို့ကိုယ်‌တိုင်တောင်မှ မဆုံးဖြတ်ရသေးဘူးမဟုတ်လား..

" အင်း ... ဒါမဲ့ ကျိုးချန်တို့ မကြာခင်ရောက်လာမယ်ထင်တယ် "

အိပ်ရာထဲကနေ ထဖို့ပြင်တဲ့ငါ့ကို ပြန်ဆွဲချရင်း
မင်းကရင်ခွင်ထဲထိ ဆွဲသွင်းတ‌ဲ့အခါမှာ..

ညကနေအခုချိန်ထိ တစ်လျှောက်လုံးဟာ အိပ်မက်ဖြစ်နေရင် ဒုက္ခပါပဲလို့ ပထမဆုံးအတွေးဝင်ရတော့တာပဲ အယ်လန်ရဲ့..

ခန္ဓာကိုယ်ရဲ့ ကျိန်းစပ်နေမှုဟာ
တော်ရုံမဟုတ်လျက်နဲ့တောင်မှပေါ့ ..

ဒါဟာ.. တဆိတ်.. ကျင့်သားရနေပြီးသားအပြုအမူတွေနဲ့ တူလွန်းနေတယ်လေ..

" ဒီအတိုင်းလေးနေပေး "

ရိပေါ်ကပြောတယ်..

မော့ကြည့်မိတော့ မျက်ဝန်းတွေမှေးပိတ်ထားရင်းက
မင်းဟာ နူးနူးညံ့ညံ့ပြုံး‌ေနလို့..

တကယ်ကို ဟိုအရင်က
အကျင့်‌ေဟာင်း‌‌ေတွအတိုင်းပါပဲ..

စိတ်ကျေနပ်စရာညကိုဖြတ်သန်းပြီးသွားတဲ့
ဒီလိုမိုးသောက်တိုင်းမှာ မင်းဟာ နူးညံ့နေတတ်တာ..

ငါမမြင်ဖူးတ‌ဲ့ မင်းရဲ့သတို့သမီးလောင်းဆိုတာကို
အခုတည်းက ငါဝန်တိုနေရပြန်ပြီ အယ်လန်..

m e l o - p o e m Hikayelerin yaşadığı yer. Şimdi keşfedin