ဘတ်စ်ကားဂိတ်မှာ အမှတ် (၁၈) ယာဉ်တစ်စီး ထိုးရပ်သွားတာနဲ့ ငါ လိုက်ပါစီးနင်းလိုက်တယ် အယ်လန်..
ဒီအတွေးကို အကောင်ထည်ဖော်ချင်နေတဲ့ငါက ရူးကောင်းရူးနေတာဖြစ်မှာပါ..
ဒါပေမဲ့ လုပ်ချင်တဲ့စိတ်ကပဲ တက်ကြွ ဦးဆောင်နေတာကြောင့် ငါရူးမိုက်စွာလုပ်ဖြစ်ခဲ့တယ် ..အတိတ်ကိုပြန်သွားမဲ့ ခရီးလမ်းကြောင်းမှာ (၁၈) ဆိုတဲ့ ဂဏန်းနံပါတ်တစ်ခုနဲ့တင် ငါဟာ တုန်ယင်စပြုနေပြီ အယ်လန်ရဲ့...
ဒါပေမဲ့..
ဒီခရီးဆီပြန်ရောက်ရင်
ငါ့စိတ်တေွ ပုံမှန်ပြန်ဖြစ်နိုင်မလားဆိုတဲ့
အတွေးတွေနဲ့..အဲ့ဒီနေရာကိုသာ ပြန်ရောက်ရင်
ငါ.. မင်းကို ဘာလို့လွှတ်ချခဲ့ရတာဆိုတဲ့
တစ်ချိန်က ပြတ်သားမှုတွေကို
ပြန်ရှာတွေ့နိုင်မလားဆိုတဲ့ အစွဲတွေနဲ့...ပြတင်းပေါက်ဘေးခုံမှာ နေရာရသွားတဲ့အခါ..
ငါ့ဘေးမှာ မင်းရှိဖူးခဲ့တဲ့ ပုံရိပ်တို့က အခုအခါမှာလဲ
ငါ့နဘေးဆီ ဖွဖွလေးတိုးဝင်ထိုင်လာတယ်..ကျောပိုးအိတ်တစ်ဖက်နဲ့မင်းက ငါ့လက်ဆွဲအိတ်နဲ့
ထမင်းချိုင့်ကိုပါ ကိုင်ပေးထားရင်း စိတ်လွတ်ကိုယ်လွတ်စကားတွေအများကြီးပြောနေတဲ့ ငါ့ကို နစ်ဝင်နေအောင် စိုက်ကြည့်နေတတ်ခဲ့ဖူးတာ..ဘယ်သူ့ရှေ့မှာမဆို ကိုယ့်အားကိုယ်ကိုးတတ်တဲ့ ငါက မင်းနဲ့ဆိုရင် အကျင့်ပျက်နေတဲ့ ကလေးတစ်ယောက်လို ဖြစ်ဖြစ်သွားတတ်လည်း မင်းကြောင့်ပါပဲ..
ကိုယ့်အယ်လန်ရဲ့.. အချစ်ရဲ့..
မင်း ဂရုတစိုက်ပျိုးထောင်ပေးထားတဲ့
အကျင့်တွေမဟုတ်လားလေ..ဒါနဲ့ပဲ ငါ့ကိုယ်ပေါ်က ဝန်စည်စလွယ်တိုင်းကို မင်းသယ်ပိုးပေးခြင်းဟာလည်း နှစ်ပေါက်လို့နေ..
အဲ့ဒီတုန်းက အခြေအနေအရပ်ရပ်ကြောင့် ဖိုင်နယ်လ်မှာ ကျန်နေခဲ့တဲ့မင်းက ကျောင်းသားလေးအဖြစ်နဲ့..
ဆေးရုံတွေမှာအလုပ်သင်အဖြစ်စဆင်းနေရပြီဖြစ်တဲ့ငါ့ကို ကျောင်းကပြန်တိုင်း လာကြိုနေကျကာလတွေပေါ့ ..
![](https://img.wattpad.com/cover/327676530-288-k398196.jpg)
ESTÁS LEYENDO
m e l o - p o e m
Fanficခရမ်းရင့်ရောင် အိပ်မက်တွေထဲ ငါ.. မင်းကို လိုက်ရှာနေဆဲ ထာဝရအယ်လန် .... ။ ။ [ Unicode Only available ]