Part 43 (Z+U)

3.8K 416 19
                                    


Notice - 📌

ဒါဒါတို့ပြောတဲ့အတိုင်း up ပေးလိုက်ပါပြီနော်။

ENG TRAN မရှိတာမို့ တစ်ချို့ပျက်တောက်နေတဲ့အပိုင်းတွေ အဓိပ္ပာယ်မရှိတဲ့ စာသားတွေ၊စကားလုံးတွေကို ကိုယ်တတ်သလောက်လေး ဖြည့်ပြီး အတတ်နိုင်ဆုံး အဆင်ပြေအောင် ဘာသာပြန်ထားတာမို့ သည်းခံပြီး ဖတ်ရှုစေလိုပါတယ်ရှင့်။

=================================

🍼 ကလေးကို သွားခေါ်မယ်| UNI

နောက်တစ်နေ့တွင်တော့ ချိယွီတစ်ယောက် နေဖင်ထိုးသည်အထိအိပ်ခဲ့သော်လည်း မျက်လုံးဖွင့်ချိန်တွင် ပင်ပန်းနေဆဲဖြစ်သည်။

အကြောင်းမှာ မနေ့ညက သူ့အနေနဲ့ တစ်စုံတစ်ယောက်အပေါ် ကြိုက်နှစ်သက်မိခြင်းနှင့် ခန္ဓာကိုယ် မငြိမ်မသက်ခြင်းကဲ့သို့သော အကြောင်းအရာများကို အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက်တွေးနေမိသောကြောင့်ဖြစ်ကာ မနက်သုံးနာရီအထိပင် အိပ်မပျော်နိုင်ခဲ့ပေ။ထို့နောက် ညလည်ခေါင် အိမ်မက်မှလန့်နိုးလာကာ ဆက်အိပ်မပျော်နိုင်ခဲ့တော့တာဖြစ်သည်။

ချိယွီက သူ့ရဲ့မျက်လုံးတွေကိုဖွင့်လိုက်ကာ ဗလာဖြစ်စွာ မျက်နှာကျက်ကိုစိုက်ကြည့်နေမိတယ်။ ခဏအကြာမှာတော့ သူက လက်ဆန့်ထုတ်ကာ ခေါင်းအုံးဆီလက်လှမ်းလိုက်ရင်း ပျောက်ဆုံးနေတဲ့သူ့ဖုန်းကို ဟိုစမ်းဒီစမ်းဖြင့်ရှာနေမိတယ်။ ထို့နောက် မျက်လုံးများကို ပင့်ကာ ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တယ် ။

စာတစ်စောင်ဟာ မျက်နှာပြင် အလယ်လောက်မှာ ပေါ်လာခဲ့တယ်။

[တတိယအကြိမ် သတိပေးမှု]

စာပို့ထားချိန်ကိုကြည့်မိတော့ မနက်၈နာရီလောက်မှာ တစ်ဖက်လူက ပို့ထားတာဖြစ်သည်။

တစ်ကယ်ဘဲ...

ချိယွီက စာကိုကြည့်ပြီးနောက် စိတ်ရှုပ်စွာ သက်ပြင်းချကာ ဖုန်းကို ကုတင်ဘေးပစ်ထုတ်လိုက်ရင်း ဆက်ကနဲ ထထိုင်လိုက်တယ်။

ထို့နောက် bathroomထဲဝင်ကာ ဘောင်းဘီကို ဆွဲချွတ်လိုက်သည်။

လက်ကိုင်ပဝါတွင် ကပ်စေးစေးအမှတ်အသားများရှိနေသေးသော်လည်း မနေ့ကအခြေအနေထပ်တော့ ပိုအဆင်ပြေလာသည်ပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း နာကျင်ကာ လေးဖင့်လို့နေလေသည်။ သို့သော်မနေ့ကကဲ့သို့ မတည်မငြိမ်နှင့်ယားယံမှုမျိုးမရှိတော့ပေ။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now