part -3//
ခြံထဲလွင့်ပျံ့လာသော စန္ဒယားသံ ငြိမ့်ငြိမ့်တို့သည် ငြိမ်းချမ်းဖွယ်အတိ။
ထိုသံစဥ်တို့အား တီးခတ်သောသူသည် ငြိမ့်ညောင်းသော သံစဥ်တို့နဲ့ ဆန့်ကျင်စွာ ပူလောင်ခြင်းကို ခံစားနေရလေသည်။
လူမြင်ရသော အပြင်ပန်းသည်ကတော့ အေးချမ်းခြင်းကို အသွင်ဆောင်နေပါသော်လည်း လူမမြင်ရသော ရင်ထဲ၌မူ ပူလောင်ခြင်းသည် ငရဲမီးတောက်ပမာ။ပျံ့လွင့်လာသော ငြိမ့်ငြိမ့်ညောင်းညောင်း သံဇဥ်တို့ကို ကြားရတဲ့အခါ တစ်အိမ်လုံး၌ရှိသော လူတို့သည် သက်ပျင်း ကိုယ်စီ ချကျ၏။
သက်ပြင်းချရခြင်းမှာ ဆိုးရွားလှလို့တော့မဟုတ်။
"The most beautiful relaxing piano song" ဖြစ်နေခြင်းကြောင့်သာ။မြက်ရိပ်နေတဲ့ ခြံစောင့်ကောင်းလေးက ဂျောင်ဂုရှိရာ အပေါ်ထပ်ကို မော့်ကြည့်ပီး သက်ပြင်းချလိုက်သလို၊ မီးဖိုဆောင်မှာ ထမင်း၊ ဟင်းတွေ ချက်ပြုတ်ပြင်ဆင်နေသော မေကြီးဆိုသည့် အမျိုးသမီးသည်လည်း မျက်ရီအဝိုင်းသားနဲ့ သက်ပြင်းချသည်။
ငြိမ့်ညောင်းသော သံဇဥ်ဖြစ်ပါလျှက်နဲ့ ဘာကြောင့်များ ထိုသူတွေကို မျက်ရီဝဲစေသလဲ ဆိုတာကိုတော့ သူတို့ကိုယ်တိုင်သာ သိနိုင်လိမ့်မည်။ပန်းပင်ပေါင်းများစွာကို ရေလောင်းနေသော အိမ်အကူ ဦးလေးကြီးသည် ချွင်းချက်အနေနဲ့ နှင်းဆီဖြူပင်ကိုတော့ ရေမလောင်းပေ။
အကြောင်းအရင်းကတော့ အိမ်ကြီးရှင် သခင်ငယ်လေးကြောင့်သာ။
နှင်းဆီပင်ကို အထိမခံသော သခင်ငယ်သည် ထိုနှင်းဆီပင်နဲ့ ပတ်သက်လာရင် သူကိုယ်တိုင် ရေလောင်း၊ သူကိုယ်တိုင် အစာထည့်၊ သူကိုယ်တိုင် ပေါင်းသင်သည်အထိ။
တစ်ခြံလုံးမှာမှ တစ်ပင်ထဲရှိသော နှင်းဆီဖြူပင်သည် သခင်ငယ်ရဲ့ သဲသဲလှုပ် အချစ်ခံ။တီ တီ တီ
SUV- Genesis GV70 ကားအနက်ရောင်လေးသည် ခြံဝမှာ လာရပ်တဲ့ အခါ ခြံစောင့် ကောင်လေးသည် အလျှင်အမြန်ပဲ ခြံဝကို ပြေးသွားတော့သည်။
ခြံတခါးကို ဖွင့်ပေးတဲ့အခါ ထိုကားအနက်ရောင်လေးက မဝင်သေးဘဲ အိမ်အခြေအနေကို ခနစောင့်ကြည့်နေလိုက်သည်။
YOU ARE READING
INJURY ( completed )
Fanfictionအကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပီး ရေးထားတာပါပဲ 23.9.2022