part -6// 'psycho'

668 55 12
                                    

part -6//
'psycho´

၁၅ နှစ်အရွယ် လူပျိုပေါက်စလေး ဂျောင်ဂု
˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜
အပေအတေ စိတ်တို့သည် ကိုယ်တွင်းထဲ တိုးဝင်လာသည်။
ဘာမဆို ကန့်လန့် တိုက်ချင်သည့် စိတ်တို့သည်အစိုးမရ၊ ထိန်းမနိုင်၊ သိမ်းမနိုင်။
အသက် မပြည့်သေးသော်လည်း သောက်စားတတ်နေပီ။
လောင်းကစားဝိုင်းတွေမှာ ဂျောင်ဂုဟာ နာမည်ကြီးနေပီ။
ရှည်လာတဲ့အရပ်တွေနဲ့ တောင့်တင်းတဲ့ ကြွက်သားတွေကြောင့် ဘယ်သူမှ ၁၅ နှစ်ဟု မထင်ထားကျ။
ကျောင်းဝတ်စုံနဲ့ တွဲမြင်ရတဲ့အခါ ဂျောင်ကုဟာ ခပ်ရိုးရိုး စာတော်တဲ့ ကျောင်းသားလေးတစ်ယောက်သာ။
ကျောင်းဝတ်စုံ ချွတ်လိုက်တဲ့အခါ သူဟာ ဇိုး။
မာန်အပြည့်ရှိတဲ့ ကျားတစ်ကောင်အလား။
မသိတဲ့သူများကတော့ ထင်ကျလိမ့်မည်။
နေ့ဖက်တွေမှာ ရိုးရိုးအေးအေး စကားနည်းတဲ့ ထူးချွန်ကျောင်းသားနဲ့ ညဖက်တွေမှာ လောင်းကစားဝိုင်းတိုင်းလိုလိုမှာ သတင်းမွေးတဲ့ ဇိုးနဲ့က ရုပ်ချင်းဆင်တဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ အမွှာတွေဆိုပီး။

hey dark!

what's up  bro

hoodie အင်္ကျီအမဲရောင်နဲ့ mask အမဲရောင် တတ်ထားတဲ့ သူဟာ ၁၅ နှစ်ကောင်လေး ဂျောင်ဂုလို့ ပြောရင် မည်သူမှ ယုံနိုင်မည် မဟုတ်။
ဖွံ့ဖွံ့ထွားထွား ခန္ဓာကိုယ်က အင်္ကျီအပေါ်ကနေ ကြည့်ရင်တောင် ထင်းထွက်နေသည်။
သူရောက်နေတဲ့ နေရာက နာမည်ကြီး တရားမဝင် လောင်းကစားရုံတစ်ခုမှာ။

ထိုနေရာ၌ လူပေါင်းစုံရှိသည်။
အကျင့်ပျက် ချစားနေတဲ့ နိုင်ငံအကြီးအကဲတွေ။
ထိုအကြီးအကဲတွေရဲ့ ပျက်စီးနေတဲ့သားတွေ။
သမီးတွေ။ မိန်းမတွေ။
လောင်းကစားသမား။
ဆေးသမား။
ဘိန်းစား။
အပျက်မတွေ။
အပျက်ကောင်တွေ။
ဘယ်နေရာကြည့်ကြည့် အကောင်းဆိုတာ တစ်ခုမှ မရှိ။
ထိုနည်းတူ သူဟာလည်း လက်ကြားမှာ ဆေးလိပ် ညှပ်ထားသည်။

ဒီနေ့ အခြေအနေ ဘယ်လိုလဲ

အကုန်ရှုံးခဲ့တယ်

မင်းအိမ်က ဘိုးတော်ကတော့ ဒေါပွနေလောက်ပီ

အတိအကျပဲ

တစ်ခွက်လောက် သောက်သွားအုံး

limit ကျော်လို့ မရဘူး

INJURY ( completed ) Where stories live. Discover now