part -12//

529 58 3
                                    

part -12//

(မင်ငယ် အသဲကွဲနေသည်)

ဂျောင်ဂုတို့ကျောင်းသားတွေ ဆေးရုံ၌ လက်တွေ့ဆင်းနေရပီမို့ ထိုတနေ့တာသည် ဆေးရုံမှာသာ အချိန်ကုန်နေရသည်။
ခုလည်း ဆေးမှတ်တမ်းတွေကိုင်ပီး ဆရာဝန်ကြီးနောက်ကို ကောက်ကောက်ပါအောင်လိုက်ကာ လေ့လာနေရသည်။

ဟဲ့ ဂျောင်ဂု

ဘာလဲ

ဟိုမှာ ဂျီမင်းရှီး ရောက်နေတယ်

.....

ယူရီရဲ့ တိုးသက်သက် အပြောကြောင့် မျက်စပစ်ပြရာနေရာကို လှည့်ကြည့်မိတဲ့အခါ ဆေးရုံ ကော်ရစ်ဒါ မှာရပ်နေတဲ့ ထိုလူဟာ သူ့ကိုတောင် ပြုံးပြပီး လက်ပြ နှုတ်ဆက်နေလိုက်သေးသည်။
တချက်မျှသာ ကြည့်လိုက်ပီး လုပ်စရာရှိတာဆက်လုပ်နေလိုက်သည်။

သွားမယ်

ဂျောင်ဂု

ယူရီ ငါ့ကို အာရုံနောက်အောင် မလုပ်စမ်းနဲ့

အေးပါ သွားရအောင််

လှည့်ကြည့်လာတဲ့ ကောင်ငယ်လေးကို လက်ပြနှုတ်ဆက်လိုက်ပေမယ့် ဂျောင်ဂုကတော့ ဂျောင်ဂုပါပဲ။
အပေအတေလေးက သူ့ပုံစံအတိုင်း ပြုံးလည်း မပြုံးပြသလို ပြန်လည်ကာ လက်ပြနှုတ်ဆက်ခြင်းလည်း မရှိ။
အကြည့်တောင် လွှဲလိုက်သေးသည်။
ခဏတာမျှ မျက်လုံးချင်း ဆုံရမှာကိုပင် ဝန်လေးနေတဲ့ ထိုကောင်လေးကြောင့် ဂျီမင်းစိတ်လေသွားသည်။

''ဘာလို့ဒီကောင်လေးကိုမှ ကြိုက်မိနေပါလိမ့်''

ဒီက ပတ်ဂျီမင်းရှီး ဟုတ်တယ်မလား။

ထိုကောင်လေးကို ကြည့်နေမိတုန်း အနားရောက်လာတဲ့ လူတစ်ယောက်ဟာ ဘယ်သူပါလိမ့်လို့ အပြေးအလွှား စဥ်းစားလိုက်သည်။
သိပ်ပီးမရင်းနှီးပေမယ့် အဖေ့လုပ်ငန်းက လူတွေဖြစ်နိုင်တာမို့ အပြုံးချိုချိုတွေနဲ့ မဟုတ်ပေမယ့် မပြေမလျှော့ အပြုံးတို့နဲ့ ထိုလူကို ပြန်လည် နှုတ်ဆက်လိုက်သည်။
ထိုလူကို သူဟာ ခုချိန်ထိတော့ အသေအချာတော့ မမှတ်မိသေး။

အင်းးးးးး ခေါင်းထဲမှာလည်း ကောင်လေးနဲ့ပတ်သက်တာတွေနဲ့ပဲ ပြည့်နက်နေတော့ တခြားအကြောင်းအရာတွေ မှတ်ဖို့အတွက် နေရာမရှိဘူးဖြစ်နေသည်။

INJURY ( completed ) Where stories live. Discover now