part -22//

603 73 14
                                    

part -22//

ချစ်ခဲ့တဲ့ အချိန်ကာလတို့သည် ရက် လ နှစ် ဆိုသည့် အတိုင်းအတာ တစ်ခုထိ ကြာခဲ့ပီ။
ထိုညက အနမ်းတွေနဲ့ စတင်ခဲ့တဲ့ ပလက်ဖောင်းပေါ်က အပေအတေအတွဲလေးက အချိန်တွေ ပြောင်းလဲသွားပေမယ့် တည်ငြိမ် ရင့်ကျင့်လာခြင်းမျိုးတော့ မရှိ။
တစ်ယောက်က ပေတုန်း နောက်တစ်ယောက်က လေတုန်း။

ရှိရှိသမျှ ပြဿနာအားလုံး ပတ်ဂျီမင်းရဲ့ my dady ဆိုတဲ့စကားအောက်မှာ ဥက္ကဌ ပတ်တို့ ရေဖြန်းထားပီးသား။

ဂျွန်ဂျောင်ဂုရဲ့ စုပြုံလာသမျှ စိတ်ဖိစီးမှုတွေကလည်း ပတ်ဂျီမင်းရဲ့ အနမ်းတွေအောက်မှာ အကုန်ပျောက်လို့။

ရှုပ်ရှုပ်ထုပ်ထုပ် မကြိုက်ဘူးဆိုတဲ့ အပေအတေလေးရဲ့အိမ်မှာ သစ်ပင်၊ ပန်းပင်ပေါင်း မြောှက်များစွာက နေရာယူသွားသည်။
အိမ်ထဲရှိရှိသမျှ အမဲရောင်တွေဟာလည်း အကုန်လုံး အဖြူရောင်တွေ ဖြစ်လို့။

ပန်းအိုးတစ်လုံးပဲရှိပီး ပန်းမရှိတဲ့ ဧည့်ခန်းစားပွဲလေးပေါ်မှာ အဖြူရောင်နှင်းဆီတွေက ပြည့်ပြည့်ဝဝ နေရာယူသွားပီး ခပ်သင်းသင်း နှင်းဆီဖြူရနံ့ဟာ တအိမ်လုံးကို မွေးပျံ့နေစေတော့သည်။

အရင်ကမှောင်မဲမဲ အိပ်ခန်းကလည်း ခုတော့ အဖြူရောင်တွေနဲ့ လင်းလို့ထင်းလို့။

ဒါတင်ပဲလားဆိုတော့ မဟုတ်။
ဂျွန်ဂျောင်ဂုရဲ့ အမဲရောင် အဝတ်အစားနေရာမှာ ရောင်စုံကာလာလေးတွေက နေရာယူသွားပီး ဘယ်နေရာကြည့်ကြည့် အမဲရောင်ဟာ ပျောက်သွားတော့သည်။
အဆိုးဆုံးကတော့ အပေတေလေးရဲ့ ကိုယ်ပေါ်မှာပင် အမဲရောင်အဝတ်အစားဟူ၍ မရှိသလောက် ဖြစ်သွားတော့သည်။

ပတ်ဂျီမင်းရှီး အမဲရောင်ပဲ ထားမယ်လို့

မောင်ကလည်း

အင်းပါ သဘော သဘော

ပတ်ဂျီမင်းရဲ့ ဆူဆောင့်ဆောင့် ထွက်လာတဲ့ မောင်ကလည်း ဆိုတဲ့စကားမှာ ဂျွန်ဂျောင်ဂုဟာ အရှုံးပေးရစမြဲ

ဘာမှ ပြောစရာ မလိုဘူး
မောင်ကလည်း ဆိုတဲ့ စကား တစ်ခွန်းပဲလိုတယ်
ဂျွန်ဂျောင်ဂုတို့ အခါခါသေတယ်။

INJURY ( completed ) Where stories live. Discover now