part -23 //
မောင်
အင်း
မပီးသေးဘူးလား
ဟင့်အင်း
မြန်မြန်လုပ်
အင်း
ငါသွားချင်နေပီ
အွန်း
မောင်!!!
ဗျာ
မင်း!!!
ငါစိတ်တိုလာပီနော်တနေကုန် တကုတ်ကုတ်နဲ့ အလုပ် လုပ်နေတဲ့ အပေတေလေးကြောင့် ပတ်ဂျီမင်းတို့ စိတ်တိုလာကာ ထအော်တော့မှ လုပ်လက်စအလုပ်ကို ဘေးချလိုက်လိုက်ပီး သူ့နှဘေးမှာ လာထိုင်တော့သည်။
အချစ်ကလည်း ဗျာ
ဟွန့် သွားပါ ခုမှ
တဖက်သို့ စောင်းထိုင်ကာ ဆူပုတ်နေတဲ့ နှင်းဆီဖြူလေးကို အသဲယားလာတဲ့အခါ သေးသေးကွေးကွေး ကိုယ်ငယ်လေးကို ကောက်ပွေ့ပီး သူ့ပေါင်ပေါ် တင်လိုက်တော့သည်။
အလိုက်သင့် ဖက်တွယ်လာတဲ့ လက်တွေက လှည်းပင်းပေါ်မှာ နေရာယူသွားပီး ဘေးတစောင်းလေးထိုင်ကာ မျက်စောင်းနဲ့ ချိန်ရွယ်သည်။ပီးပါပီဗျာ
အလုပ်သရဲလား မင်းက
တနေ့တနေ့ အဲအလုပ်တွေပဲ လုပ်နေလိုက်
ငါ့ကိုလည်း လုပ်အုံးဟမ်
ဂ ဂရုစိုက်အုံးလို့ ပြောတာ
စကားပြောတာ လောသွားလို့အဟင်း အချစ်
ဘာ ဘာလဲ
ပြွတ်စ်
မနမ်းနဲ့
ပြွတ်
မနမ်းနဲ့ဆို
အိမ်ပြန်ချင်ပီလား
မင်းက အိမ်မပြန်တော့ဘူးလား
တသက်လုံး အလုပ်ပဲ လုပ်နေတော့မှာလား.............
ပြောပီဆိုရင် မင်းက စကားပြန်မပြောတော့ဘူး
အာစေးမိထားတာလား
မသိရင် ငါကပဲ ဗိလိန်ကြီး ကျလို့.............
ကဲ ပြောနေတာတောင် ပြန်မပြော အွန့်
စစ်သေနတ်ပစ်သလို ထွက်လာနေတဲ့ နှင်းဆီဖြူလေးရဲ့ စကားတွေကြောင့် နှုတ်ခမ်းထူထူလေးကို နှုတ်ခမ်းပါးတွေနဲဲ့ ဖိကပ်ထားလိုက်ပီး ပြောနေတဲ့ စကားတွေကိို ပိတ်ပစ်လိုက်တော့သည်။
YOU ARE READING
INJURY ( completed )
Fanfictionအကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပီး ရေးထားတာပါပဲ 23.9.2022