part -16//(ခေါက်ဆွဲ စားသွားပါလား)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကျောင်းပိတ်ရက်တွေမှာ ဂျောင်ဂုအလုပ်များသလောက် ဂျီမင်း အားလပ်နေတာမျိုး။
ခုလည်း မနက်လင်းလာကတည်းက နှင်းဆီပန်းဖြူဖြူတွေနဲ့ ရောက်နေတဲ့ဂျီမင်းကို ဘယ်လိုပဲနှင်ထုတ်ထုတ် မသွားတော့ ဂျောင်ဂု လက်လျှော့ထားရသည်။
အရင်က နှင်ထုတ်သလောက် ပြန်ရောက်လာတာက ဂျီမင်းတစ်ယောက်ထဲဆိုပေမယ့် ခုတော့တစ်ယောက်ထဲ မဟုတ်တော့။
ရှေ့တစ်ခေါက် နှင်ထုတ်ပီး ပြန်ပေါ်လာတော့ ဘော်ဒီကဒ်တွေပါ ပါလာသည်။
ရှုပ်ရှုပ်ထုပ်ထုပ်တွေ မကြိုက်လို့ နှင်ထုပ်ပါတယ်ဆိုမှ ပိုပီးစိတ်ညစ်လာအောင် သူ့အရှုပ်အထုပ်တွေပါ ခေါ်လာသည်။jungkook
.................
jungkook!!
...................
ယား ကြားနေရင်လည်း ထူးဟ
.........
ဂျောင်ဂုရှီးးး
တိတ်တိတ်လေး နေပေးလို့ မရဘူးလား။
ခများအရမ်းစကားများတာပဲ။.......
ဘာအဖြေစကားသံမှ ပြန်မကြားရတဲ့အခါ ကော်ဖီဖျော်ရာကနေ လှည့်ကြည့်လိုက်တော့ ထမင်းစားစားပွဲမှာ ငြိမ်ငြိမ်လေးထိုင်ကာ သူ့ကိုကြည့်နေသည်။
ဘာလို့ပြန်မပြောတာလဲ
မင်းပဲ တိတ်တိတ်နေဆို
ဟင်းးးး
စိတ်လေစွာပဲ သက်ပျင်းချလိုက်ရင်း အရှေ့ပြန်လှည့်ကာ ကော်ဖီပဲ ဆက်ဖျော်နေလိုက်သည်။
ဘာဖြစ်လို့လဲ
.....
ဂျောင်ဂု
ကော်ဖီသောက်ချင်လား
ဟင့်အင်း မင်းသောက်တဲ့ ကော်ဖီတွေမသောက်နိုင်ဘူး ခါးလွန်းတယ်။
.......
တိတ်ဆိတ်သွားပြန်တဲ့ ထမင်းစားခန်းလေးမှာ ဂျောင်ဂုဟာ ကော်ဖီဖျော်ပီး သူဟာ ငြိမ်ငြိမ်လေးထိုင်ကာ ကျောခိုင်းထားတဲ့ ဂျောင်ဂုကို တွေတွေလေး ငေးလျှက်သာ။
နောက်ကျောပဲ မြင်ရတာတောင် သူချစ်ရတဲ့သူက ပြည့်စုံနေတဲ့ သူမျိုး။
YOU ARE READING
INJURY ( completed )
Fiksi Penggemarအကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပီး ရေးထားတာပါပဲ 23.9.2022