part -28//( ခေါက်ဆွဲစားကြမလား) 🌚
~~~~~~~~~~~~~~~~~~~~~~~~ပျော်ရွင်နေတဲ့ ချစ်သူဘဝထဲ တိုးဝင်လာတဲ့လူတစ်ယောက်မဟုတ်ခဲ့ပေမယ့် ဆွဲသွင်းခြင်း ခံခဲ့ရတဲ့ အီချယ်ယောင်းဆိုတဲ့ ခလေးမလေးက ချစ်စရာကောင်းစွာ သူတို့နှစ်ယောက်ရဲ့ ပျော်စရာကောင်းတဲ့ ဘဝထဲ ဝင်လာခဲ့သည်။
မျက်လုံးဝိုင်းဝိုင်းတွေက မောင်နဲ့တူပီး ပါးဖောင်းဖောင်း နှုတ်ခမ်းဖူးဖူးလေးက တိုက်စစ်ထားသလို အချစ်နဲ့ တူနေခဲ့သည်။
ချယ်ယောင်းဟာ သူတို့ကိုယ်ပွားလေးလိုမျိုး နှစ်ယောက်လုံးက ငုံထားမတတ် ချစ်ကြသည်။
သို့ပေမယ့် မောင်ဆိုတဲ့ အပေအတေလေးက အုပ်ထိန်းသူနေရာကို ကောင်းကောင်း မထိန်းသိမ်းနိုင်သေးပေမယ့် ချယ်ယောင်းအပေါ်မှာတော့ အကိုကြီးတစ်ယောက်လိုမျိုး တာဝန်ကျေသည်။
တစ်ခုပါပဲ မောင်က စိတ်မရှည်တတ်သူမို့ ချယ်ယောင်းကတော့ မောင့်ဆီမှာ ခဏခဏ အရိုက်ခံရသည်။ခုလည်း အရိုက်ခံထားရပြန်ပီ။
အီး ဟီး ကိုကိုဂျီမင်း
ဂျောင်ဂုဆီမှာ အရိုက်ခံရတိုင်း ဂျီမင်းကို အော်ခေါ်တတ်တဲ့ ချယ်ယောင်းလေးက သူတစ်ခုခုလိုချင်လို့ ချွဲတဲ့အခါမှာလည်း အပေတေလေးထက် နှင်းဆီဖြူလေးကိုသာ ကပ်သည်။
ခုလည်း ကြိမ်လုံးကြီးကိုင်ကာ ခါးထောက်ရပ်နေတဲ့အပေတေလေးရှေ့ ငြိမ်ငြိမ်လေးရပ်ကာ ထိုကောင်မလေး နှင်းဆီဖြူလေးကို အော်ခေါ်နေပြန်သည်။အိုက်ဂူး ငါတို့ချယ်ယောင်းလေး ရိုက်ခံထားရပြန်ပီထင်တယ်
အသံနဲ့အတူ ဝင်လာတဲ့ ဟိုဆော့ကို တွေ့တဲ့အခါ ချယ်ယောင်းလေးက အားကိုးရာတွေ့သွားသလို ခြေဆင်းကာ အော်ငိုတော့သည်။
ချယ်ချယ်လေး
မမ ဟင့်
ဟိုဆော့လာရင် ယူရီပါ ပါလာတတ်ပီးသားမို့ ချယ်ယောင်းအတွက်တော့ တိုင်ပြောလို့ရတဲ့သူ တစ်ယောက်က အဆင်သင့် ရှိပီးသားပင်။
ဘာဖြစ်တာလဲ ဂျောင်ဂု
မင်းက ခလေးကို မရိုက်သင့်ပါဘူးကွာ ဂျောင်ဂုရာ
မင်းတို့ခလေးကို ဘာလို့ရိုက်လဲမေးကြည့်အုံး
ဘာလို့ရိုက်တာလဲ ချယ်ချယ်လေး
YOU ARE READING
INJURY ( completed )
Fiksi Penggemarအကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပီး ရေးထားတာပါပဲ 23.9.2022