part -27// ( Graduations day )
˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜ဘယ်သူထင်မှာလဲ လက်ပတ်တီးကြီး စည်းပီး ဘွဲ့တက်ယူရမယ်လို့။
ဘွဲ့ယူတဲ့ ခန်းမထဲ မဝင်ကျသေးပဲ ဓာတ်ပုံတွေ အပီအပြင် ရိုက်နေကျတဲ့ ကျောင်းသူ ကျောင်းသားအတော်များများက ကျောင်းဝန်းအတွင်း ပျားပန်းခတ်ကာ လှုပ်ရှားနေကျသည်။
ဘွဲ့ဝတ်စုံတွေနဲ့ အပြိုင်လှနေတဲ့ပန်းကလေးတွေနည်းတူ ထိုပန်းတို့အတွက် ပန်းပျိုးလက်ဆရာတွေသည်လည်း ကျောင်းဝန်းအတွင်း အလုပ်ရှုပ်နေတော့သည်။ထိုထိုကဲ့သို့သော ပန်းလှလှလေးတွေနည်းတူ ထိုအထဲတွင်လည်း ဂျောင်ကုနဲ့ သူ့သူငယ်ချင်းအုပ်စုသည်လည်း အပါအဝင်ပင်။
ဂျောင်ကုရဲ့လက်ကို ကိုင်ကာ အလှဆုံးပြုံးနေတဲ့ နှင်းဆီဖြူလေး တပွင့်ဟာလည်း ကျောင်းဝင်းထဲက ပန်းကလေးတွေအားလုံးရဲ့ အကြည့်ကို ဖမ်းစားနိုင်နေသည်။မောင်
အင်း
ငါက ထူးဆန်းနေလို့လား
အင်း ထူးဆန်းနေတာပေါ့
ဘာလို့လဲ။
မောင့်အနား တိုးတိုးလေးကပ်မေးတော့ မောင်ဟာ သူ့ယုန်သွားလေးတွေ ပေါ်သည်အထိ မျက်လုံးတွေမှိတ်ကာ နှာခေါင်းလေးတွေတွန့်ဝင်သွားသည့်တိုင် ချစ်စရာကောင်းအောင် ပြုံးရယ်ရှာသည်။
ဘာလို့လဲဆို
မောင့်အချစ်က အားလုံးထက် ပိုလှနေလို့လေ။
ပီးတော့ မောင့်လက်ကို ကိုင်ထားလို့။အာ သိပီ။ မောင်က ငါမသိအောင် ကျောင်းမှာ လူလွတ်လုပ်နေတာမလား။
မဟုတ်ရပါဘူးဗျာ
အဟွန်း
အချစ်က စိတ်ကောက်သလိုလေး လက်ပိုက်ကာတဖတ်သို့လှည့်သွားတဲ့အခါ မောင့်မှာအသဲယားရပြန်သည်။
တဖက်လှည့်သွားတဲ့ နှင်းဆီဖြူလေးနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် မောင်ဟာ ရှေ့မှာလာရပ်ရင်း ဒူးလေးကွေးကာ မျက်နာနှစ်ခုကို နီးကပ်အောင် ပြုလုပ်လိုက်သည်။အချစ်~
မောင် စိတ်လှုပ်ရှားနေလို့ မောင့်ကို နမ်းပါအုံး~
YOU ARE READING
INJURY ( completed )
Fanfictionအကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပီး ရေးထားတာပါပဲ 23.9.2022