Part -14// ( party)

571 53 5
                                    

Part -14//
˜˜˜˜˜˜˜˜

ဂျောင်ကု

ပြော

ဒီည ပါတီရှိတယ်။
ရှယ်ယာရှင်တွေ အားလုံးလာကျမှာ။

အဲတော့

နင်တက်ရမယ်လေ

လူလိမ်တွေကြားထဲ သွားရမှာပေါ့ အဲလိုလား

သူငယ်ချင်းနှစ်ယောက် gym ဆော့ရင်း စကားပြောနေရာကနေ ရုတ်တရက် တိတ်ဆိတ်သွားပီး ဂျောင်ကုစကားကြောင့် ယူရီတစ်ယောက် ပြောစရာစကားတွေ ပျောက်ကုန်သည်။

ဟေး ငါ့ကိုတောင် မစောင့်ဘူး

ဟိုဆော့ရှီး

အခေါ်အဝေါ်ကလည်း စိမ်းကားလိုက်တာ ဆောယူရီရှီးရာ

gym ခန်းထဲ အင်္ကျီလက်ပြတ်လေး ဘောင်းဘီပေါင်တိုလေးနဲ့ သဘက်တစ်ထည် ပုခုံးပေါ်တင်ကာ ဝင်လာတဲ့ ဂျောင်ဟိုဆော့ ဆိုသူဟာ  ကြွကြွရွရွ
ဝင်လာတဲ့သူကို အားလုံးငေးကြည့်လောက်အောင် လှတယ်ဆိုပေမယ့် ငေးကြည့်သူ တစ်ယောက်မှ မရှိ။
ဘာလို့ဆို အခန်းထဲမှာ သူတို့ (၃) ယောက်သာ ရှိခြင်းကြောင့်သာ။
မြင်နေကျ မြင်ကွင်းမို့ မထူးဆန်းတော့ပေမယ့် ထူးဆန်းတာ တစ်ခုက ခုတလော ဂျောင်ဟိုဆော့တို့ ချောမောခန့်ညားတာထက်ပိုကာ လှနေခြင်းဖြစ်သည်။ 

ယူရီ ငါ့ကို အမဲဖျက်မလို မကြည့်စမ်းနဲ့

နင်လှနေတယ်

ချောတယ်လောက်တော့ လုပ်ပါ။

မတူဘူးဟာ
ချောတယ်ဆိုတာ ဂျောင်ကုကို ပြောတာ။
ခန့်တယ်ဆိုတာက ငါကိုပြောတာ။
နင်က လှတယ်။

ငါ ဂေးဟုတ်ဘူး

နင် ဂေး မဟုတ်မှန်း သိတယ်။

သိရင် လာမပြောနဲဲ့။

ဟင်း ငါ့သူငယ်ချင်းတွေကို ကာကွယ်လို့ရအောင် အလေးလေး ဘာလေး မ မှရတော့မယ်။
မဖြစ်သေးပါဘူး။

ရားးးးးးး!!!!! ဆော! ယူ! ရီ!

ဘာလဲ အလှလေး။
ကျတော်မျိုး ဘာများဖြစ်ဆည်းပေးရမလဲ။
ဟောဒီက ခန့်ညားတဲ့ ဆောယူရီကို ပြောလို့ရတယ် သိလားး။

မျက်နှာပိုးမသေတဲ့ ဆောယူရီက ပြောင်စပ်စပ်နဲ့ လှမ်းစတော့ ဟိုဆော့တစ်ယောက် မျက်စောင်းတွေ ပိတ်ထိုးလိုက်သည်။

INJURY ( completed ) Where stories live. Discover now