part -13//

521 52 4
                                    

part -13//

ကျစ်ကျစ်တောက်ပူနေတဲ့ နေ့လည်ခင်းမှာ အိပ်ယာဖြူဖြူထက် ဟိုဖက်ဒီဖက် လူးလိမ့်ရင် ဂျီမင်းတစ်ယောက် ရှုံ့မဲ့စွာ နှိုးထလာသည်။
ဗိုက်က အထိမခံနိုင်အောင် နာနေတာမို့ အော်ငိုချင်စိတ်တို့သည် တဖွားဖွား ။
ဗိုက်ကို လက်နှစ်ဖက်နဲ့ ဖိကပ်ထားလိုက်ရင်း နာကျင်နေသည့်ဒဏ်ကို မခံနိုင်စွာ အသံကျယ်ကျယ်နဲ့ အော်ထုတ်ပစ်လိုက်သည်။
အော်လိုက်ရင် ဗိုက်နာတာများ သက်သာသွားမလားဆိုတဲ့ ခလေးဆန်ဆန် အတွေးကြောင့်လည်းပါသည်။
သူ့အော်သံကြောင့် ထင်ပါရဲ့ အိပ်အပေါ်ထပ်ကို တက်လာတဲ့ ခြေသံတွေ ကြားလိုက်ရတယ်။
ဘာကြောင့် ခုလောက်ထိ နာကျင်နေလည်း သူမသိ။
ခါတိုင်း အရက်သောက်ရင် ဘာမှမဖြစ်ပေမယ့် ဒီတစ်ခေါက်ကတော့ တော်တော်ခံရခက်သည်။

မင်ငယ်

ဗိုက်နာတယ်

ခနနော် hyung ရေနွေးအိပ် ယူလာတယ်။

ဘာလုပ်မို့လဲ

သက်သာအောင်လေ

မိန်းကလေးမှ မဟုတ်တာ

မိန်းကလေးပဲ ရေနွေးအိတ် ကပ်ရတယ်လို့ ဘယ်သူပြောထားလို့လဲ လက်ဖယ်

ဗိုက်ပေါ်ဖိထားတဲ့ လက်ကို ဆွဲဖယ်လိုက်ရင်း ရေနွေးအိပ်တွေက နေရာယူလိုက်တဲ့အခါ အနည်းငယ် အဆင်ပြေသွားဟန်ရှိသည်။
တင်းနေတဲ့ နဖူးကြောတွေ အနည်းငယ် ပြေလျှော့သွားတော့မှ နမ်ဂျွန်းသက်ပြင်းဖွဖွလေး ချလိုက်သည်။

ဘာလို့အဲလောက်ထိ သောက်တာလဲ

.....

အဖြေစကား မပြောလာသော ထိုကောင်လေးက ဆူပုတ်ပုတ်နဲ့ ငြိမ်နေပြန်သည်။
မျက်နှာကို တဖက်သို့လှည့်သွားကာ ငြိမ်နေပြန်တော့ မနေနိုင်သူကပဲ အလျှော့ပေးရပြန်သည်။

မင်ငယ်

သောက်ချင်လို့ပေါ့ လူပျိုကြီးရဲ့

ဘောက်ဆတ်ဆတ် အဖြေစကားက သိပ်တော့ဘဝင်မကျချင်ပေမယ့် ပြောစရာရှိတာကိုဆက်ပြောရမည်မို့ ဘဝင်မကျတာကို ခဏခေါက်ထားလိုက်သည်။

ဂျွန်ဂျောင်ဂုကို သဘောကျနေရင်လည်း ရှေ့ဆက်မတိုးနဲ့ မင်ငယ်။
သဘောကျရုံ အဆင့်မှာပဲ ရပ်လိုက်။

INJURY ( completed ) Where stories live. Discover now