part -25//

522 65 9
                                    

part -25//

နှင်းဆီဖြူလေးအိပ်ယာက ထလာတဲ့အခါ ဘေးမှာ မောင်ဟာရှိမနေခဲ့။
နာရီကို ကြည့်တဲ့အခါ ( ၉ ) နာရီဆိုသည်အချိန်ကို ဆိုက်ဆိုက်မြိုက်မြိုက် ဖော်ပြနေသည်။

မောင်

ခေါ်ပေမယ့် ပြန်လည်ဖြေကြားသံဟာမရှိ။
အခန်းထဲလဲ သူတစ်ယောက်ထဲသာ ရှိသလို တိတ်ဆိတ်နေတော့သည်။

အိပ်ရာထက်က အလျှင်အမြန်ထလိုက်ပီး ရေချိုးခန်းထဲ ဝင်ကြည့်သော်လည်း မောင့်အရိပ်အယောင်ကိုပင် တွေ့ရခြင်းမရှိပေ။

ရေချိုးခန်းထဲလည်း မရှိသလို ရေအိမ်ထဲလည်း မရှိတာမို့ ဖုန်းဆက်ကြည့်တော့လည်း ဖုန်းမကိုင်​ပေ။

ဘယ်တွေသွားနေတာလဲ မောင်ရ။
ငါ့ကို စိတ်ပူရအောင် လုပ်ပြန်ပီ။
ဖုန်းကိုင်စမ်းပါ ။

ဆက်တိုက်ခေါ်နေပေမယ့် ဖုန်းဟာကိုင်သူမဲ့နေခဲ့သည်။

( လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်.......... )

ထိုကဲ့သို့ တဖက်က ဖြေဆိုသံကိုသာ ကြားရပီး မောင်ကတော့ ဘယ်ဆီ ဘယ်ဝယ်ရောက်နေခဲ့သည်မသိပေ။

နေပါအုံး ဖုန်းမပိတ်ထားဘူးဆိုတော့ GPS လည်းဖွင့်ထားလောက်တယ်။

ဂျီမင်းလည်း ဟိုတယ်ကနေ ထွက်လာလိုက်ပီး taxi ငှားကာ မောင့်ဖုန်းရှိရာနေရာကို ညွှန်ပြသည့်အတိုင်း လိုက်လာရင်း အိမ်ကြီးတစ်အိမ်ရှေ့ ရောက်လာသည်။ ထိုအိမ်ရှေ့မှာ မောင့်ရဲ့ကားလည်း ရှိနေသည်။

taxi ကိုလည်းပြန်လွှတ်လိုက်ပီး ခြံထဲကို တစ်ယောက်ထဲ ဝင်လိုက်တဲ့အခါ ဘာကြောင့်မှန်းမသိ အိမ်ခြံဝန်းထဲ ရောက်တာနဲ့ မကောင်းတဲ့ ခံစားချက်က စိတ်ထဲ ခဲဆွဲသလို လေးလံ ထိုင်းမှိုင်းသွားရတော့သည်။

ထိုအခါ စိတ်ကိုတည်ငြိမ်အောင် ထားကာ အိမ်ထဲတလှမ်းခြင်း သတိကပ်ပီး ဝင်သွားလိုက်သည်။
အိမ်ထဲဝင်ဝင်ချင်း တွေ့လိုက်ရတာက သွေးပျက်ဖွယ်မြင်ကွင်း။
သွေးထွက်သံယိုဖြစ်နေတဲ့ မြင်ကွင်းက ရှေ့တည့်တည့်မှာ ။
တံခါး အကွယ်ကနေ မြင်နေရတဲ့ မောင်ဟာ ကြောက်စရာကောင်းလောက်အောင်ပင်။
မောင့်ခေါင်းမှာလည်း သွေးတွေ စီးကျနေသလို အိမ်ရဲ့ကြမ်းပြင်မှာလည်း သွေးတွေက ဟိုနားတစ်ကွက် ဒီနားတစ်ကွက်။

INJURY ( completed ) Where stories live. Discover now