1

5.5K 163 3
                                    

That Should Be Me

part 1

လူတွေက ပြောကြတယ် ကိုယ့်ကို မချစ် မနှစ်သက်တဲ့ သူနားမှာ ​နေရာတာ ထက် သေသွားတာမှ ကောင်းမယ်တဲ့ အစက အဲ့ဒီ ခံစားချက်ကို ကျွန်တော် နားမလည်ခဲ့ သလို သိလည်း မသိခဲ့ဘူး.သိလည်း မသိချင်ခဲ့ဘူး. ဒါပေမဲ့
မကြာပါဘူး အဲ့ဒီ ခံစားချက် ကို ကျွန်တော် သိလာခဲ့တယ် သူ နဲ့ လက်ထက်ပြီးတော့ပေါ့...

သူနဲ့ကျွန်တော်ကို အိမ်က ကျောင်းတောင်မပြီးသေးဘူး လက်ထက်ပေးထားတယ်. လူကြီးတွေကလည်း ဘာလို့မှန်းကို မသိပါဘူး. ယောကျားလေးနှစ်ယောက်ကို လက်ထက်ပေးရအောင်. ပြီးတော့တယောက်နဲ့
တယောက်က ချစ်လည်း မချစ်ကြဘူး ဒါကို များ ဘာလို့လည်း.

သူ နဲ့ ကျွန်တော်ကို အိမ်က မိဘတွေက လူကြီးချင်း သဘောတူပြီး ပေးစာခဲ့ရတာလည်း .ရှင်းပါတယ် စီးပွားရေး ကြောင့်ပါ. သူ့ ဘက်ကလည်း မငြင်းခဲ့သလို. ကျွန်တော်ဘက် ကလည်း ငြင်းခွင့် မရှိခဲ့ဘူး.ဒါပေမဲ့ သူ့ကို ကျွန်တော်က မြင်မြင်ချင်း ချစ်မိသွားတာတော့ ခက်တယ် ဗျ.

ကျွန်တော် တို့ အိမ်ထောင်ကျတာ တလ ကျော်ပြီး သူ က အပေါ်ထက်မှာ နေသလို ကျွန်တော်က အောက်ထက်မှာ နေပါတယ်.တခါ မှ မျက်နှာခြင်း မဆိုင်သလို.
နှုတ်လည်း မဆက်ကြ. စကားဆိုတာ ဝေးရောပေါ့.တနေ့ တနေ့ သူ့ကို တွေ့ချင်လို့ သူ နဲ့ ကျွန်တော်
မနက်ကျောင်း မသွား ခင် မနက်စာ စားလို့ရအောင် အစောကြီး ထပြင်ပေးလည်း သူ ကမစားဘူး.

ကျွန်တော်တို့က စီးပွား​ရေးမေဂျာ ပထမနှစ် တူတူ တက်​ ရမှာ လေ. ကျောင်းတူပေမဲ့လည်း ကိုယ့်ကားကိုယ်မောင်းပြီးသာ ထွက်ကြတာ

သူနဲ့ ကျွန်တော်က ကျောင်းမှာဆိုလည်း သိပ်တော့မတွေ့ဖြစ်ဘူး.အခန်းကလည်း မတူတော့လေ. ကျွန်တော်ကတော့ Jimin နဲ့ပဲ အချိန်ကုန်နေတက်တာ. အိမ်ပြန်ရင်တော့ ကျွန်တော်က စောစော ရောက်အောင်ပြန်ဖြစ်တယ်.
အရင်လိုဆို အိမ်စောစော မပြန်တက်တဲ့ ကျွန်တော်က ခုဆို အိမ်စောစောပြန်ပြီး ညနေစာ ပြင်ထား တက်နေပြီ အဒေါ်ကြီးနဲ့တူတူ .ဒါပေမဲ့လည်း သူ က ရောက်တာနဲ့ အိမ်ပေါ်ကိုသာ တခါထဲတက်သွားတယ်.

That Should Be Me (complete) Where stories live. Discover now