That Should Be Me
part 22
ကျွန်တော်ကို မတွေ့ချင်ဘူးပြောတဲ့နေ့ကစလို့ သူ့အနားကို ကျွန်တော် မသွားဖြစ်တော့ဘူး..အဝေးတနေရာရာကနေ သူပျော်နေတာလေးကို သာအရိပ်တကြည့်ကြည့် ကြည့်နေမိတယ်
.ဒီလို အချိန်မျိုးမှာ သူ့အနားမှာ ကျွန်တော် ရှိနေချင်တယ်..သူ့မေ့နေတဲ့ အတိတ်တွေက နာကျင်စရာတွေဖြစ်နေပေမယ့် သူ့ကို သတိရစေချင်တယ်..ထိုနာကျင်စရာတွေကို ဖြေရှင်းရင်း သူ့ကို အရမ်းချစ်မိသွားတဲ့ ကျွန်တော် အဖြစ်ကိုလည်း သူ့ကို သိစေချင်တယ် ..
ခုချိန်ကစပြီး သူ့ရဲ့ ပျော်ရွှင်မှု. ဝမ်းနည်းမှု.တွေအားလုံးကို ကျွန်တော်နဲ့ပဲ ခံစားစေချင်တယ်. ဒါပေမဲ့ အဲ့ဒါတွေက ကျွန်တော်ရဲ့ ဖြစ်ချင်မှုသက်သက်ပါ.
ခု သူက jimin နဲ့ဆို ပြုံးလို့ရွှင်လို့ သူ့ အပြုံးတွေကို jimin နဲ့တူတူ ရှိနေချိန်တွေမှာသာ မြင်ရတယ်..ကျွန်တော်ကြောက်တာကလေ ခုချိန်များ အရင်လို ကျွန်တော် စွတ်စွဲခဲ့တာတွေက တကယ် ဖြစ်လာခဲ့ရင် ဆိုတဲ့ အတွေးက ကျွန်တော်ကို ခြောက်လန့်နေတယ်..အဲ့လို အချိန်တွေ ဖြစ်လာမှာကို တွေးပူနေရတာလည်း အရမ်းနာကျင်ရတယ်..
ကိုယ်မဟုတ်တဲ့ အခြားတယောက်နဲ့ ကိုယ်ချစ်ရသူက ပျော်ရွှင်နေတာကို ထိုင်ကြည့်ပြီး ပျော်ရွှင်ပေးရတဲ့ ခံစားချက်ကို Tae က ကျွန်တော်ကို ကောင်းကောင်းလေးသင်ပြသွားပြီ လူတွေရယ်....
.....
" Tae မင်း နည်းနည်းလေးလောက်တောက် jungkook ကိုသတိမရဘူးလား "
" အင်း "
" တစွန်း တစလေးတောင်မှလေ "
" အင်း ဘာလို့လည်း သတိရစေချင်လို့လား ငါဘာလုပ်ရမလည်း သတိရလာအောင် သူက ဘယ်လိုလူမျိုးလည်း သူနဲ့ငါကြားမှာရော ဘယ်လိုပက်သက်မှုမျိုးလည်း "jimin pov...ငါဘယ်လိုပြောရမလည်း Tae. မင်းအတွက်နာကျင်စရာတွေကို ငါပြန်ပြော ပြမှ မင်းသတိရမယ်ဆို ငါမပြောချင်တော့ဘူး Tae...
ဒါပေမဲ့ jungkook ကို မင်းအရမ်းချစ်ခဲ့တာ မင်းအရမ်းချစ်ရတဲ့သူကလည်း ခုမင်းကို ချစ်လွန်းလို့ သေမတက်ခံစားနေရတယ် Tae မင်းသာ သတိရလာမယ်ဆို မင်းတို့နှစ်ဦးစလုံးပျော်ရွှင်ရမှာ..