That Should Be Me
part 12
ဒီရက်ပိုင်း စိတ်ထဲ jungkook နဲ့ ရင်းနီးလာသလား မရင်းနီးဘူးလား သေချာ မသိ ဘာမှန်းတော့မသိ အရင်လောက်ေတာ့ မစိမ်းတော့တာတော့ အမှန် ဒီနေ့ကျောင်းကိုလာတော့ ကျောင်းရဲ့ ကော်ရစ်တာ လမ်းမှာ jungkook ကိုတွေ့တယ် သူတယောက်ထဲတော့ မဟုတ် ဆိုဟီးနဲ့ ဆိုဟီးက သူလက်ကို ချိတ်လို့ပေါ့.
ကျွန်တော်ကို မြင်တော့ သူလည်း နှုတ်ဆက်မလို့လား ကျွန်တော် ကို လှမ်းကြည့်သလို.. ဒါပေမဲ့ ကျွန်တော် အနောက်က နေ ပြေးလာပြီး ပခုံးကို ဖတ်လိုက်တဲ့ jimin ကြောင့် ကျွန်တော်ဘာမှ မမြင်လိုက်ရ ပြန်ကြည့်လိုက်တော့ မျက်နှာ ခက်တင်းတင်းနဲ့ပဲ ထွက်သွားတဲ့သူ. ဟုတ်ပါတယ် သူနဲ့ ကျွန်တော်က ရင်းနီးစရာ အကြောင်းမရှိဘူးလေ မွေးနေ့တုံးကလည်း အသိအမှတ်ပြုတာပါ ဟုတ်ပါတယ် ငါ အထင်မှားနေတာပါ
" ဟေ့ရောင်ဘာတွေ တွေးနေတာလည်း ".
" ဘာမှ မဟုတ်ဘူး "
" ငါတို့တွေ ခရီးသွားရမှာ သိလား "
" ဘာခရီး "
" ပျော်ပွဲစား ခရီးလေ ဂိမ်းတွေဆော့ ကြမှာ "
" ဟုတ်လား ပျော်စရာကြီး သွားမယ် သွားမယ် "
" သိနေတယ် လေ Kim Taehyung အဲ့လိုမျိုးတွေ မလိုက်ပဲ နေမလား "
" jimin ငါတို့မုန့်တွေ များကြီး ဝယ်သွားကြမယ် "
" အစားပဲနော် "
" ဟီးဟီး.. "
....
လမ်းမှာ သူနဲ့ ကျွန်တော် မျက်နှာခြင်းဆိုင် တွေ့တော့ ကျွန်တော်မသိစိတ်က ချက်ခြင်းဆိုသလို ပင် ဆိုဟီးလက်ကို လွှတ်ချလိုက်မိတယ်. ဘာလို့လည်း ကျွန်တော် အဲ့လိုလုပ်စရာ မလိုဘူးလေ.ဒါပေမဲ့ ဘာလို့လုပ်မိလိုက်တာလည်း.ပြီးတော့ jimin သူကို့ ပြေးဖတ်တာကိုလည်း အရင်မြင်နေကြ တွေ့နေကြပါ ခုမှ ဘာလို့ မကြိုက်ရတာ လည်း.. သူနဲ့ jimin ကရော ရိုးသားရဲ့လား အရမ်းပူးကပ်သလိုပဲ.jimin နဲ့ဆို အမြဲပြုံးနေပြီး ပျော်ရွှင်နေသလိုပဲ..
" ကို ဘာတွေ တွေးနေတာလည်း "
" မတွေး ပါဘူး "
"ဟုတ်လို့လား ချစ် ခေါ်နေတာ ကြာပြီ ကို မကြားဘူးလေ "
"အင်းပါ ဘာပြောမလိုလည်း "Jeon jungkook ရယ် ငါသိတာပေါ့ နင် Kim Taehyung အပေါ်စိတ်ရောက်နေပြီ မဟုတ်လား ဟိုကောင်ကို တွေ့တာနဲ့ ငါ့လက်ကို လွှတ်ချလိုက်တယ်ဆိုထဲက သိနေတယ် လေ ဟ ငါကို ငတုံး များမှတ်နေလား ကြည့်နေပါ နင် က ငါဆိုတဲ့ ချွဲဆိုဟီး အပိုင်ပဲ....