That Should Be Me
part 18
လူနာရှင် အပြင်မှာနေခဲ့ပေးပါ
" ဆရာ သူ့ကို ကယ်ပေးပါနော် သူဘာမှ ဖြစ်လို့မဖြစ်ဘူး သူ့ကို ကျွန်တော် ပြောစရာတွေ အများကြီး ရှိသေးတယ် တောင်းပန်စရာတွေလည်း ရှိသေးတယ် ကျေးဇူးပြု၍ ကယ်တင်ပေးပါ "
ကျွန်တော် အရူးတယောက်လို့ အော်ငို ရင်း တောင်းဆိုနေမိတော့တယ်
အချိန်အားဖြင့် 1 နာရီ လောက်မှာ မားမားတို့ရော မေမေ တို့ပါ ရောက်လာကြတယ် jimin ပါ ပါတယ်
" သား jungkook သား Tae လေးဘယ်လိုဖြစ်တာလည်း "
" သားနဲ့ စကားများပြီး အပြန်မှာ ဖြစ်တာ သားကြောင့် သားကြောင့်ဖြစ်တာ "နံရံကို ခေါင်းနဲ့စောင့်ရင်းပြောနေတဲ့ သူ့ကို လူကြီးတွေက ဝိုင်းဆွဲပြီး ဖြောင်းဖြ ကျပေမဲ့ ကျွန်တော်က ဒီထက် ပို နာကျင်ရမဲ့သူပါ
" သားရယ် သားကြောင့်မဟုတ်ပါဘူး ကိုယ့်ကိုကိုယ်
ထိခိုက်အောင်မလုပ် နဲ့နော် "" jungkook မင်း Taehyung တခုခုဖြစ်လို့ကတော့ မင်းမလွယ်ဘူး "
ကျွန်တော် အနားကပ်လာပြီး ပြောလာတဲ့ Jimin
အချိန်အားဖြင့် 5 နာရီကြာသော်" ဆရာ လူနာ အခြေ အနေ "
" ခွဲစိတ်မှုက အောင်မြင်ပါတယ် ဒါပေမဲ့ လူနာက ဦးခေါင်းကို ထိခိုက်ဒဏ်ရာများတော့ စောင့်ကြည့်အခြေအနေတေ့ာဖြစ်နေသေးတယ် "
" ပြောချင်တာက အချိန်မရွေးတခုခု ထဖြစ်နိုင်တယ်ပေါ့ "
" အင်း ခုမဖြစ်ရင် တောင် သတိရလာရင် အကျိုးဆက်က စောင့်ကြည့်ရအုံးမယ် .ဘာမှ မဖြစ်တာလည်း ဖြစ်နိုင်တယ် စောင့်ကြည့်ရမှာပဲ ခုအခြေအနေကတော့ခုလည်း စောင့်ကြည့်ခန်းထဲမှာပဲ ထား ထားရအုံးမှာ မို့လို့ လူနာကို အပြင်ကနေသာ ကြည့်လို့ရအုံးမယ် ခင်ဗျ "
....
စောင့်ကြည့်ခန်းထဲမှာ ဆေးပိုက်မျိုးစုံ ခေါင်းမှာ ပတ်တီးဖွေးဖွေး အောက်စီဂျင် အကူအညီနဲ့ အသက်ရှုနေရတဲ့ သူ. အဝေးကနေ လှမ်းမြင်ရတဲ့ ဝေဝေဝါး ဝါး မျက်နှာလေးက ဖြူရော်လို့ အရမ်းနာနေမလား ကွာ..ခုချိန်မှ ငါ သိရတဲ့ အရာတွေက များလိုက်တာကွာ
မင်းချစ်နေတာ ကို ခုမှ သိရတဲ့ အတွက်လဲ နာကျင်ရတယ် အဲ့ဒီထက် ကိုယ့် နှလုံးသား ကို လိမ်ညာနေမိတာ က ပိုနာကျင်ရတယ်. မင်းကို ငါ့နှလုံးသားက ချစ်နေမိတာကို ငါ့ဦးနှောက်က ငြင်းဆန်နေခဲ့တဲ့ အတွက်လဲ နာကျင်ရတယ် .အထူးသဖြင့် မင်းကို Jimin နဲ့ စွတ်စွဲ မိခဲ့တာတွေ မင်းကို နိုပ်ဆက်ခဲ့တာတွေက ငါ့အတွက် နာကျင်ရဆုံးပဲ ကွာ...
...
" မင်းငါနဲ့ ခဏလိုက်ခဲ့ Jungkook "