Thar Should Be Me
part 16
ဒီနေ့ကျောင်းပိတ်ရက် အပြင်သွားလည်း တယောက်သောသူက မကြိုက်လို့ ဘယ်မှမသွားဘဲ ခြံထဲဆင်းကာ ပျင်းပျင်းနဲ့ပဲ အပင်တွေကို ဟိုညှပ်ဒီညှပ်လုပ်ရင်း ရေလောင်းနေလိုက်တယ်..
....
ကျွန်တော် ဝရံတာထွက်ပြီး ဆေးလိပ်သောက်နေချိန် ခြံထဲမှာ ပန်းပင်တွေ ရေလောင်းနေတဲ့ သူ နေရောင်ခြည်အောက်မှာ ကြည်လင်နေတဲ့ အသားအရည်က ထင်းလို့ မိုးပြာရောင် အကျီနဲ့ သူကအတော်ပင် ကြည့်ကောင်းနေတယ် .အပင်တွေ ရေနဲ့ ဖြန်းရင် အသံသေး အသံကြောင်နဲ့ အော်အော်ဆိုနေတဲ့ သီချင်း သူ့ဘာသာ ဆိုရင်း သူ့ဘာသာ သဘောတကျ ရယ်နေတဲ့ သူ ထိုမြင်ခွင်းလေးကို သဘောတကျ ကျွန်တော်ကြည့် နေမိတယ် ဘာရယ်မဟုတ် သူ့အနားကို သွားချင်လာလို့ အောက်ထက်ဆင်းလာလိုက်ပြီး သူ့နားအရောက် ကျွန်တော်လှမ်းခေါ်လိုက်တော့
" Kim Taehyung "
ရေပိုက် ကို ကိုင်ရင်း လှည့်ကြည့်လာတဲ့ သူ ကျွန်တော်ကို ပါ ရေနဲ့ဖြန်းသလို ဖြစ်သွားတော့ မျက်လုံးလေး ပြူးပြီး လန့်သွားရှာတယ်.
" jungkook တောင်းပန်ပါတယ် မင်းက အဲ့လိုကြီး ခေါ်လိုက်တော့ ငါလည်း မေ့ပြီးလှည့်ကြည့်မိတာ "
ကျွန်တော် သူစီက ရေ ပိုက်ကို လုပြီး သူကို ရေနဲ့ ပြန်ပက်ဖို့လုပ်တော့ ရေပိုက်ကို တင်းနေအောင်ဆုတ်ကိုင်ထားတဲ့ သူ ပြီးတော့ ပြုံးပြလာပြီ
" ငါကို ပြန်မပက်နဲ့နော် ငါ ရေမချိုးချင်သေးဘူး 😁"
" ရမလား ငါကိုကျတော့ ပက်ထားတယ် လေ "
" ဟားး မဟုတ်ဘူး မတော်လို့ ပက်မိတာပါ "
"မတော်လို့ဆိုတာ ရှိမလား "
" ရားးး ကလိမထိုးနဲ့လေ ဟားဟားဟား jungkook တောင်းပန်ပါတယ် ဂလိမထိုးနဲ့တော့"သူက ရေပိုက်ကို ကိုင်ထားတဲ့လက်ကို လုံးဝမလွှတ် ကျွန်တော်ကလည်း မရမက လိုက်လုရင် သူခါးလေးကို ကိုင်ကာ ဂလိထိုးတော့ ကျယ်လောင်စွာရယ်မောရင်း တောင်းပန်လာတဲ့သူ
ကျွန်တော်လည်း သဘောတကျ လိုက်ရယ်မိတော့တယ်.ကျွန်တော် ဂလိထိုးတာ ရပ်ပေးလိုက်ပေမဲ့ ခုချိန်ထိ ရေပိုက်က သူ့လက်ထဲမှာ မိုးပေါ်ထောင်လျှက် ရေ မွှားတွေက ကျွန်တော်တို့နှစ်ယောက်ပေါ် ကျလို့ ကျွန်တော်ကလည်း သူခါးကို ကိုင်ထားတာ မလွှတ်မိသေး ဒုတိယ အကြိမ် ကျွန်ေတာ်တို့ နှစ်ယောက် အကြည့်ချင်း စုံမိပြန်ပြီ