That Should Be Me
part 3
ကျွန်တော် က အရမ်းဆိုးတဲ့ သူတယောက်ပါ. မိဘက ချမ်းသာသလို.အိမ်မှာ အငယ်ဆုံး ဆိုတော့ ဆိုးချင်တိုင်းဆိုးခဲ့တာပေါ့.အဲ့ဒါကလည်း သူ နဲ့ လက်မထက်ခင် အချိန်ထိကပေါ့.
သူ နဲ့ လက်ထက်ပြီးထဲက ကျောင်းသွားတယ် အိမ်ပြန်တယ် ဒါပဲ လုပ်တော့တော့.ပိတ်ရက်တွေတောင် အိမ်အပြင် မထွက်ဖြစ်ဘူး. အပြင်မထွက်ဖြစ်တာ တော်တော်ကြာပြီ ဖြစ်လို့ jimin ကလည်း အမြဲလှမ်းခေါ်ပေမဲ့ ပိတ်ရက်လေးသူနဲ့တူတူ ရှိချင်လို့ ဘယ်မှ မထွက်ဖြစ်ဘဲနေနေတာ
.ဒါပေမဲ့ သူက အခန်းထဲကတောင်မထွက်ပါဘူး.ထမင်းစားချိန်တောင် အဒေါ်ကြီးက အခန်းထဲပို့ပေးရတာ.ကျွန်တော်ကသာ မြင်ချင်နေတာ သူ့ဘက်က မတွေ့ချင်ဘူးလေ. Jimin ကတောင် ပြောပါတယ် လင်ပူမိနေတာတဲ့. ဟုတ်ပါတယ် ကျွန်တော် သူ့ကို အရမ်းချစ်မိသွားတာပါ
ဒီနေ့ Jimin က လှမ်းခေါ်တယ် အပြင်ခဏလေးပဲ သွားမယ်ဆိုလို့ စောစောလည်း ပြန်ရောက်မှပါဆိုတော့ ကျွန်တော် Jimin နဲ့လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်
ဘာလို့ဆို သူလည်းဒီနေ့အပြင်ထွက်သွားတယ်လေ..."မင်းနဲ့ တခါလောက်လေး တွေ့ရဖို့က အမေရိကန် သမ္မတ နဲ့ တွေ့ရဖို့ထက်တောင် ခက်နေသေးတယ် နော် "
" မင်းကလည်းကွာ ငါ အပြင် မထွက်ချင်လို့ပါ "
" အဲ့လောက်တောင် သဘောကျနေတာလား "
" မဟုတ်ဘူး ချစ်မိသွားတာ "
"မင်းတကယ်ကြီးလား Tae "
"အင်းတကယ်ကြီးကို ဖြစ်သွားတာ jimin "
"သူဘက်ကရော "
"ငါနဲ့သူ စကားတောင် မပြောဘူးသေးဘူး"
"ဘယ်လိုကြီးလည်းကွာ မင်းတို့ အိမ်ထောင်ရေးက "
" ဒီလိုပဲ "
" မဟုတ်သေးပါဘူး ကွာ .ဒါများကွာ ကွာရှင်းလိုက်တော့ ကိုယ့်ကို မချစ်တဲ့ သူကို ဘာလို့ဖတ်တွယ်နေတာလည်း "ကျွန်တော် အပေါ် အရမ်းကောင်းတဲ့ သူတယောက် ဖြစ်တာကြောင့် ကျွန်တော် အဖြစ်ကို အားမလိုအားမရ ဖြစ်နေတဲ့ Jimin .သူပြောတာလည်း ဟုတ်နေတာဘဲလေ ဒါပေမဲ့ ကျွန်တော်ကို က သူ့ အနားမှာနေချင်သေးတာကို
" ငါက ချစ်နေတာကို ကွ ဘယ်လိုလုပ် သူ့အနားက ထွက်သွားလို့ရမှာလည်း "
"မင်းအဖြစ်က ရင်လေးစရာကြီးကွာ ဘယ်လိုဖြစ်သွားတာလည်း Kim Taehyung ရယ် "