That Should Be Me
part 5
ဒီနေ့ အဒေါ်ကြီးတို့ လင်မယားကို နားရက်ယူလို့ နှစ်ယောက်စလုံးမရှိ ကျောင်းမသွားခင် မနက်စာ ထပြင် လိုက်တယ်.မစားမှန်းသိပေမယ့်လို့ပေါ့
မကြာပါဘူး အနက်ရောင် ဝတ်စုံအပြည့်နဲ့
အနက်ရောင် အိတ်ကိုဆွဲလို့ အိမ်ပေါ်ထက်က ဆင်းလာတဲ့သူ. သူ့က တကယ့်ကို ချောမော ခန့်ညားတဲ့ အမျိုးသားတယောက်ပါ.." ဘာကြည့်နေတာလည်း "
" ဟင် "ငါကို စကားပြောလိုက်တာလား Jungkook ကလေ ငါ့ကိုမေးလိုက်တာလား
" ဟို... ဘာမှမကြည့်ပါဘူး "
" မနက်စာ စားမလို့ "
" ဟင် "ဘာတွေဖြစ်ကုန်တာလည်း Jungkook ကလေ မနက်စာ အိမ်မှာ စားမှာတဲ့
" တဟင်ဟင် နဲ့ ဘာဖြစ်နေတာလည်း"
" ဟင် အာ မှားလို့ ဒီမှာ ငါလုပ်ပေးထားတယ် မင်းအတွက် မနက်စာ 😁 "ပြုံးနေလိုက် နဲ့ Kim Taehyung မင်းအတွက် အစပဲရှိသေးတယ်
" မင်းမစားဘူးလား "
" မင်းပြီးမှ ပဲ စားတော့မယ် "
" ok လေ "မနက်စာ စားပြီးလို့ ထထွက်သွားတဲ့ ကျောပြင်ကြီး ကို ငေးလို့ ဒီနေ့အတွက်တော့ ကျွန်တော် အရမ်းပျော်ပါတယ်..
အော် အချစ်ချစ် ချစ်ရသူရဲ့ စကားလေး ကြားရတာတောင် ရင်ခုန်နေရတာမျိုး...
.....
" Tae မင်းဘာဖြစ်လာတာလည်း "
" ဟင် ပျော်နေတာ "
" ပြောပါအုံး ဘာကိစ္စနဲ့ "
" jungkook က ငါ့ကို စကားပြောပြီ ပြီးတော့ ငါလုပ်ပေးတဲ့ မနက်စာလည်း စားသွားတယ် "
" အော် အဲ့တော့ တော်တော်ပျော်နေတယ် ပေါ့ "
" အင်းပေါ့ ပျော်တာပေါ့ "
" ငါပြောပြစရာရှိတယ် Tae "
" အင်းပြော "
" ချွဲဆိုဟီးဆိုတဲ့ တယောက်က ဇယားခက်ရှုပ်ရှုပ်ပဲ"
" ဘယ်လို "
" သူ့အမေက လည်း ခက်ရှုပ်ရှုပ် အမျိုးသမီး ကွ
ပြောရရင် ကြေးစားပေါ့ကွာ "
" မင်းကလည်း ဟုတ်ပါ့မလား "
" သေချာသလောက်ရှိတယ် ခု ချွဲဆိုဟီးကလည်း Jk နဲ့က အထက်တန်းထဲက ခင်တာ jk က အထက်တန်းထဲက ချွဲဆိုဟီးကို ကြွေနေပုံပဲ. ချွဲဆိုဟီးအကြောင်း ဘယ်သူမှ ကောင်းကောင်းမသိဘူး jk လည်းသိပုံမရဘူး. ဟိုက
အရမ်းလျို့ဝှက်ပြီးနေတာ "