That Should Be Me
part 19
ဒီနေ့နဲ့ဆို သူ သတိမရသေးတာ တပတ်ရှိပြီ.
စောင့်ကြည့်ခန်းကတော့ ထွက်လာပြီ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိတော့ပေမဲ့.ခုထိတော့ သတိမရသေးဘူး...ကျွန်တော် တပတ်လုံးလုံး သူအနားမှာပဲ အချိန်ပြည့် သူလက်ကလေးကို ကိုင်လို့ သတိရလာမယ့် အချိန်ကို စောင့်နေမိတယ်.. မားမားတို့က အိမ်ပြန်ခိုင်းပေမဲ့ ကျွန်တော် မရှိတဲ့ အချိန်သတိရလာမလားဆိုတဲ့ စိတ်နဲ့ ဘယ်မှ မသွားချင်ခဲ့ဘူး..သူ့အနားမှာ တောင်းပန်စကားတွေ ပြောရင်း အမှားတွေကို ဝန်ခံရင်း..ကျွန်တော် ငိုနေမိတယ်...ဘယ်အချိန်ထိ သတိမေ့နေအုံးမှာလဲ ကွာ ထလာပေးပါတော့ကွာ....
....
ကျွန်တော် ဒီနေ့ သတိရလာတော့ ကျွန်တော် လက်ကို ဆုတ်ကိုင်ထားရင်း ငိုနေတဲ့ သူ. သူကဘာလို့ငိုနေရတာလည်း .သူ့အမှားကြောင့်လား..ဘာလို့လည်း.." Taehyung သတိရလာပြီလား ဝမ်းသာလိုက်တာ ကျေးဇူးလည်းတင်ပါတယ် ခုလို သတိရလာပေးလို့ "
Tae pov..သူဘာဖြစ်နေတာလည်း ကျွန်တော် အခြေအနေ အကဲခက်ချင်လို့ ဘာမှ ပြန်မပြောပဲနေနေလိုက်တယ်
" Taehyung ငါတောင်းပန်ပါတယ် မင်းငါ့ကို ချစ် နေတာတွေ မသိခဲ့လို့ ပြီးတော့ ငါလည်း မင်းကို ချစ်နေခဲ့တာ ဒါပေမဲ့ ငါက ငါက ငါ့ နှလုံးသားကို လိမ်ညာခဲ့မိတာ "
Tae pov..မင်းဘာတွေပြောနေတာလည်း မင်းက ငါ့ကို ချစ်တယ် ဟုတ်လား jungkook ခုမှလား ဒါမှ မဟုတ် မင်းကြောင့်ဖြစ်တယ်ထင်ပြီး မကောင်းတက်လို့ ချစ်တယ် ပြောတာလား jungkook မင်းက ဆိုဟီးကို ပဲ ချစ်တာပါဆို ဘာလို့ ငါ့ကို ခုလိုတွေပြောနေတာလည်း...
" Jungkook ခဏနေအုံး ခုမှ Tae သတိရတာလေ Tae အခြေအနေကိုလည်း ကြည့်အုံး ဆရာဝန်အရင်ခေါ်သင့်တယ် "
" ဆရာ သား Tae လေးက ဘယ်သူ့ကိုမှ စကားမပြောဘူး "
" ကျွန်တော် စစ်ကြည့်ပေးပါ့မယ် စိတ်မပူပါနဲ့ "" ဟုတ်ကဲ့ပါ ဒေါက်တာ "
" လူနာ ဒီက လူတွေ ဘယ်သူတွေလည်း မှတ်မိလား "
" မေမေ ဖေဖေ နဲ့ jimin "
" ဒီဘက်က ဘယ်သူတွေလည်း သိလား "ကျွန်တော် တချက်လှမ်းကြည့်လိုက်ရင်း...
" ဟင့်အင်း မသိဘူး "
" Taehyung ငါ jungkook လေ "
" jimin ငါ ရေသောက်ချင်တယ် "
" အင်းငါယူပေးမယ် "