That Should Be Me
Final
"ဟင် မောင် ဘယ်သွားနေတာလည်း ဘေးနားမှာလည်း မနေပေးဘူး "
ကျွန်တော် အခန်းထဲ ကနေထွက်လာခဲ့တော့ မီးဖိုခန်းထဲမှာ တယောက်ထဲ အလုပ်ရှုပ်နေတဲ့ မောင် ကျွန်တော် အနောက်ကနေ သိုင်းဖက်ထားလိုက်ပြီး မောင့် ပခုံးပေါ် ခေါင်းလေး မှီ လို့
" Tae ကလည်း ဘာလို့ လမ်းလျှောက်လာတာလည်း မောင် ကို ခေါ်လိုက်တာ မဟုတ်ဘူး လာချီမှာပေါ့ နာနေသေးလား Tae "
" နည်းနည်းပါ"
" ကိုယ်နွေးနေသေးတယ်နော် Tae ""အင်း.. မောင် ဘာတွေ ချက်နေတာလည်း "
" Taeအတွက် ဆန်ပြုတ်ရယ် အသားလေး နဲနဲရယ် လုပ်နေတာ "
" ဟီး ချစ်တယ် မောင် "" မောင် ကပိုတောင်ချစ်သေး"
" ဟွန်းး ဟုတ်ပါဘူး Tae က ပို ချစ်တာ "
" မောင်ကပိုချစ်တာ ဒါပေမဲ့ Tae က ပို ချစ်တယ်ပဲ ထားလိုက်တော့ ဟုတ်ပြီလား "" ဟီး မောင် Tae ဗိုက်ဆာ တယ် "
" လာ ဒီမှာထိုင် ဖြေးဖြေးထိုင်နော် "
" အကဲပိုနေတယ် "" ပိုရမှာပေါ့ Tae တခုခုဖြစ်ရင် ဘယ်လိုလုပ်မလည်း "
" အဲ့တာ မနေ့က ထဲက သိသင့်တာ "
" Tae က အရမ်းလှနေတာကို "" ဟင် အဲ့တာနဲ့ ဘာဆိုင်လို့လည်း "
" Tae က လှနေတော့ မောင်က စိတ်မထိန်းနိုင်တော့ဘူးပေါ့ "
" ဟာ တော်ပြီ "" ရှက်ပြန်ပြီလား "
" မောင်နော် "
" နောက်ဆို မရှက်အောင်လုပ်ပေးရမယ် "
" ရားးး Jeon Jungkook အာ့ "ကျွန်တော် အားနဲ့ ထအော်လိုက်မိတာ အောက်ဘက်က နာနေတာကိုမေ့သွားတယ်
"Tae ဘာဖြစ်တာလည်း ဘာဖြစ်တာလည်း "
" ဟီး ဟင့်ဟင့် နာလို့.. "
" ကျစ် မောင်ပြောပါတယ် အရမ်းရမ်း မထပါနဲ့ဆို "" အဲ့တာ မောင်ကြောင့် မောင်က Tae ကို ရှက်အောင်လုပ်တာကို ထမိတာပေါ့ "
" ဟုတ်ပါပြီ ဗျာ မောင်ကြောင့် ဟုတ်ပြီလား ခုဆန်ပြုတ်သောက် ပြီးရင် ဆေးသောက်မယ်"" ဟာ... ဆေးကသောက် ရအုံးမှာလား "
" မသက်သာသေးတော့ သောက်ရမှာပေါ့ ပြီးတော့ဆေးလိမ်းရအုံးမယ် ""ဆေးက မောင်တိုက်မှာလား "
" အဆိုးလေးနော် "
" ဘာလည်း မတိုက်ချင်ဘူးပေါ့ မောင်က ဟွန့်"