That Should Be Me
part 14
ဒီနေ့ ကျောင်းတက်တော့ ခရီးမှာ ပျော်ခဲ့တာတွေကို ပြောမဆုံးကြသေးဘူး ပြန်လာတာ 3 ရက်လောက်ရှိနေပြီ ပြောမပြီးသေး ကြာတော့ သီးမခံနိုင်တော့ဘူး
" Jimin ငါတို့ခေါင်မိုးပေါ်သွားရအောင် နားငြီးလို့ "
" မင်းမှာ ဆေးလိပ်ပါလား "
" အင်းမနေ့က ဝယ်ထားတယ် "
" သွားမယ် လာ "ကျွန်တော်နဲ့ jimin ခေါင်မိုးပေါ်မှာ အေးဆေးလေး ဆေးလိပ်လေးကို ဖွာလို့ သာယာနေချိန် လေတချက် တိုက်လိုက်တာကြောင့် မျက်လုံးထဲ အမှုန်ဝင်သွားတယ်
" ရား jimin ငါမျက်လုံးထဲ အမှုန် ဝင်သွားလို့ လုပ်ပေးအုံး "
" မင်း မျက်လုံးက အဲ့လောက်ပြူးလို့လား "
" မင်းထက်တော့ပြူးတယ် ဟေ့ရောင် "
" ငါ ကို မထိခိုက်နဲ့ "
" မင်းလည်း ငါ့ကိုမပြောနဲ့ "ထိုအချိန်
ဒုန်းးး" ဟေ့ရောင် jimin ဘာသံလည်း "
" လေတိုက်လို့ တံခါးပိတ်သွားတာ နေမှာပေါ့ "
" ငါတို့ သွားတော့မလား အတန်းချိန် နီးနေပြီ "
"ok "နှစ်ယောက်သား ဆေးလိပ်ကို ခြေထောက်နဲ့ နင်းခြေပြီး အခန်းရှိရာစီသို့ ထွက်လာခဲ့လိုက်တယ်...
.....
ညနေကျောင်းဆင်းချိန်
" ဆိုဟီး ကိုယ့်ဘာသာ ပြန်လိုက်တော့ "
" ကို ဘာလို့လည်း "
" ငါ သွားစရာ ရှိလို့ "
" ဘာကို ငါလည်း ကိုရဲ့ "
" သွားတော့ကွာ "
" ကို ချစ် စိတ်ကောက်လိုက်ရမလား "
" မင်းသဘောပဲ ငါ တော့သွားပြီ "ကျွန်တော် ဒေါသထွက်စွာနဲ့ ပဲ အိမ်ကိုသာ တန်းပြန်လာခဲ့တယ် အခန်းထဲ ရောက်တော့ ဘာလို့ စိတ်တိုနေမှန်းမသိ အခန်းထဲက ပစ္စည်းတွေ ကို ပဲ ရန်မှုနေလိုက်တော့တယ် ..နံရံကိုလက်သီးနဲ့ ထိုးရလောက်အောင်ကို ကျွန်တော် ဒေါသထွက်နေမိတယ် ဒါ Kim Taehyung ကြောင့် ..
.ငါကို Kim Taehyung က သီးခံနေခဲ့တာ သူနဲ့ jimin အတွက်လေ ဟားဟားဟား.. Kim Taehyung မင်းပျော်ထားအုံးပေါ့. မင်းကို ဒီထက် ပိုပြီး နိုပ်ဆက်ရအုံးမှာပေါ့...
ကျွန်တော် ကိုယ့်ဘာသာ မေးခွန်းတွေ ထုတ်နေမိတော့တယ်.. လက်က သွေးထွက်လို့ အောက်မှာ ဆေးထည့်ဖို့ ဆင်းအလာ ကျောင်းက ပြန်ရောက်လာတဲ့ သူနဲ့ တွေ့ပါပြီ....